The blind signer in Paris

Category: Article

One day I posted titled ′′ Significance and Sense Like, Comment, Share of that post I think there are many people who don't understand the presentation. I should or not show this important thing about symptoms. According to the saying ′′ Don't take wisdom to death In fact, a lot of people who don't understand sense.
Previous post with ′′ Me & Myself ′′
′′ Military Tracking and Devastation of British Season ′′
These posts are also found that the real education room is not intelligent to read the season's attitude.
Recently sent a hand shape and asked for signs online. Since I saw the hand style, this symptom can say that this symptom was a multi-businessman, but Sense already knew what kind of life was. He must be a monk. Really, the monk is out too.
It is not possible to speak the sign of a monastery when you find hand in symptoms. There are no laws in symptoms like this. So why can you say it's because of sense call sense.
A man named Meisner found in Christ 1853 with small atomic children inside the cross. The person found are 1 square lines on top of the finger with 8 and 4 low numbers. These stage children were found again on the streets of red on the cross. They have a clear voice or vibration.
So, researching waves and analyzing, and a human being found that there are some unique waves in the waves. Those waves are based on health, thoughts and fears, and severe improvements. . There is also a decrease . Also showing the time to live.
After 1873 years of research, we tested a special person who can focus on voice in Paris, France. That person is born blind suffering and lost paper attention from nature and can feel different voice.
The blind person is a short time of waves of the wavy Those who are tested based on change Life, health and death days are found to be able to speak amazingly accurately.
Circleball disclosed studies on White Blood Corpuscles in 1874 Of course Every white blood egg in studies At the end, I could prove that Nerve Fibre is there. The excavators also indicated that they are directly communicating with their brain.
Of a human being The cross formation says complexity of medical science views. Also the skin, low high, important things are complicated but some have definitions. We have to do signs according to those definitions.
Of that complexity There's a lot of things, regions and things that haven't been defined. It includes sense called sense of sense.
I'll write about a blind signist who handle satellites.
(Will continue to describe)

 

တစ်နေ့က" လက္ခဏာပညာ နှင့် Sense " ခေါ် အာရုံသိခံစားမှု" ခေါင်းစဉ်ဖြင့် Post တင်ခဲ့သည်။ Like, Comment, Share ကို ကြည့်ခြင်းအားဖြင့် ထို Post ၏ တင်ပြချက်ကို နားမလည်သည့် သူတွေ များသည် ဟုယူဆမိသည်။ ကျွန်ုပ်သည် လက္ခဏာပညာနှင့် ပါတ်သက်၍ ဤမျှအရေးကြီးသော အချက်ကို ချပြသင့်၊ မသင့် အတော်စဉ်းစားခဲ့သည်။ "ပညာကို သေရွာသို့မယူစတမ်း" ဆိုတဲ့ စကားနှင့်အညီ ချပြခဲ့ သည်။ တကယ်တော့ Sense ကို နားမလည်တဲ့သူတွေ အတော်များတာကိုတွေ့ရသည်။
ယခင်က " ကျွန်ုပ် နှင့် မိဿရာသီ " ဟူသောပို့စ် နှင့်
" စစ်ထောက်လှမ်းရေး နှင့် ဗြိစ္ဆာရာသီပျက်သုန်းခြင်း "
ဟူသောပို့စ်များသည်လည်း ပညာခန်းစစ်စစ်ကို ရေးသားထားလင့်ကစား ရာသီသဘောတရားများကိုဉာဏ်မမီ၍ စာဖတ်ဦးရေနည်းကြောင်းတွေ့ရသည်။
မကြာခင်က လက်ပုံစံတစ်ခုပို့ပြီး Online မှ လက္ခဏာမေးလာသည်။ လက်ပုံစံမြင်လိုက် ကတည်းက ဤလက္ခဏာရှင်သည် လုပ်ငန်းစုံခဲ့သူ၊ ဘဝစုံခဲ့သူဟု လက္ခဏာအရပြောနိုင်သော်လည်း၊ ဘယ် လို ဘဝတွေလည်းဆိုတာကိုတော့ Sense က သိပြီးဖြစ်ခဲ့သည်။ သူသည် ဘုန်းကြီးလူထွက်သော် လည်းကောင်း ဖြစ်ရမည်ဟု ကောက်ချက်ချမိသည်။ အမှန်မှာလည်း ဘုန်းကြီးလူထွက်ဖြစ်နေသည်။
လက္ခဏာပညာမှာ လက်ကိုတွေ့တာနဲ့ ဘုန်းတော်ကြီးတစ်ပါးရဲ့ လက္ခဏာဆိုတာ ဟောပြော နိုင်ဖို့မဖြစ်နိုင်ပါ။ ဒီလိုလဲ လက္ခဏာဗေဒမှာ ဥပဒေသများ သတ်မှတ်ထားခြင်းမရှိပါ။ ဒါဆိုဘာ့ကြောင့်ပြောနိုင်သနည်းဆို Sense ခေါ် အာရုံသိမှုကြောင့်ဖြစ်သည်။
ခရစ်သက္ကရာဇ် ၁၈၅၃- ခုနှစ်က မစ်စီးနား(Meisner) ဟုခေါ်သော ပုဂ္ဂိုလ်ကြီးတစ်ဦးသည် လက်ဝါးပြင်အတွင်း၌ သေးငယ်လှသော အနုမြူဒြပ်စင်ကလေးများဖြင့် ရောယှက်နေသည်ကို ရှာဖွေတွေ့ ရှိခဲ့ပေသည်။ ထိုပုဂ္ဂိုလ်ကြီးတွေ့ရှိချက်များမှာ လက်ချောင်းထိပ်များ၌ လေးထောင့်သဏ္ဍာန်မျဉ်းကြောင်း ၁ဝ၈ကြောင်းနှင့်တကွ အဖုအပိမ့်(၄ဝဝ) တို့ပင်ဖြစ်ပေသည်။ ထိုဒြပ်စင်ကလေးများကို လက်ဝါးပြင်ပေါ်ရှိ အနီရောင်သန်းနေသော လမ်းမကြီးများတွင် ပိုမို၍ တွေ့ရှိရပြန်လေသည်။ ယင်းတို့မှာ ထင်ရှားလောက် သော တစ်ဖြောက်ဖြောက်မြည်သံ(သို့မဟုတ်) လှိုင်းတွန့်သံကလေးများ (Vibration)ဖြစ်ပေါ် နေကြပေ သည်။
ထို့ကြောင့်လှိုင်းတွန့်သံများကို သုတေသနပြုလုပ်၍ ဆန်းစစ်ကြပြန်ရာ လူသတ္တဝါတစ်ဦးလျှင် ထူးခြားသည့် လှိုင်းတွင်္န့သံကလေးများရှိကြောင်းတွေ့ရှိလာပြန်တော့သည်။ ထိုလှိုင်းတွန့်သံကလေးများ သည် ကျန်းမာမှု၊ တွေးတောမှုနှင့် ထိတ်လန့်မှုများအပေါ်မူတည်ပြီး၊ ပြင်းထန်တိုးတက်သည်လည်းရှိ၏။ လျော့နည်းသွားသည်လည်း ရှိ၏။ ထို့အပြင် အသက်ထွက်မည့် အချိန်ကိုလည်း ပြသနေသည်။
ထိုတွေ့ရှိချက် သုတေသနပြုပြီး၊ နှစ်ပေါင်း နှစ်ဆယ်မျှအကြာ ၁၈၇၃-ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့တော်၌ အသံနှင့်ပတ်သက်၍ ထူးထူးခြားခြား အာရုံစိုက်နိုင်သော ပုဂ္ဂိုလ်တစ်ဦးကို စမ်းသပ်ကြ ပြန်သည်။ ထိုပုဂ္ဂိုလ်သည် မွေးရာပါ မျက်မမြင်ဒုက္ခိတစ်ဦးဖြစ်၍ စက္ခုအာရုံဆုံးရှုံးရသည့်အတွက် သဘာဝမှ လျှော်ကြေးပေးလိုက်သည်နှင့်မခြား အသံဖြင့်အာရုံခံစားနိုင်ခြင်းဖြစ်ပေသည်။
အဆိုပါမျက်မမြင်ပုဂ္ဂိုလ်သည် တိုတောင်းလှသောအချိန်ပိုင်းအတွင်း တဖြောက်ဖြောက်မြည်နေ သော လှိုင်းတွန့်သံကလေးများ၏ အပြောင်းအလဲကို မူတည်၍ စစ်ဆးခံကြသည့်သူများ၏ အသက်၊ ရှေ့တွင်တွေ့ကြုံရမည့် ကျန်းမာရေးနှင့်၊ သေဆုံးမည့်ရက်များကို အံ့မခန်းဘွယ်ရာ အတိအကျမှန်ကန်စွာ ဟောပြောနိုင်ကြောင်းတွေ့ရှိရသည်။
သွေးဥဖြူ(Corpuscles)နှင့်ပတ်သက်သော လေ့လာချက်များကို ဆာချားလ်ဘောလ်သည် ၁၈၇၄-ခုနှစ်၌ ဖော်ထုတ်နိုင်ခဲ့ပေသည်။ ယင်း၏လေ့လာချက်များတွင် သွေးဖြူဥ(Corpuscles) တိုင်း၏ အဆုံး၌ နာဗ်ကြောမြှင် (Nerve Fibre) ရှိနေကြောင်းကို အထောက်အထားပြနိုင်ခဲ့သည်။ ထိုနာဗ်ကြောမြှင် များသည် ဦးနှောက်နှင့်တိုက်ရိုက်ဆက်သွယ်နေကြောင်းကိုလည်း ဖော်ပြထားပြန်သည်။
လူသားတစ်ဦး၏ လက်ဝါးပြင်ဖွဲ့စည်းမှုသည် ဆေးသိပ္ပံပညာရပ်အမြင်အရ ရှုပ်ထွေးနေသည်ဟု ဆိုကြသည်။ ထို့ပြင်လက်ဝါးပြင်ပေါ်က အရေပြားများ၊ အနိမ့်အမြင့်များ၊ အရေးအကြောင်းများသည်လည်း ရှုပ်ထွေးနေသော်လည်း အချို့မှာအဓိပ္ပါယ်ဖွင့်ဆိုချက်များရှိလာသည်။ ကျွန်ုပ်တို့သည် ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်များအတိုင်း လက္ခဏာဟောပြောမှုကို ပြုရလေသည်။
ထိုရှုပ်ထွေးမှု၏ ဟိုမှာဘက်ဆီတွင်ရှိသော အရာများ၊ ဥပဒေသများ နှင့် အဓိပ္ပါယ်မဖွင့်ဆိုရသေးသောသာ အရာများလည်းမြောက်များစွာရှိနေသေးသည်။ ထိုအထဲတွင် Sense ခေါ် အာရုံသိခံစားမှုလည်းပါဝင်ပေသည်။
ဂြိုဟ်ခုံများကိုကိုင်တွယ်စမ်းသပ်ဟောသော မျက်မမြင်လက္ခဏာဆရာတစ်ယောက်အကြောင်းကို ရေးသားပါဦးမည်။
(ဆက်လက်ဖော်ပြပါမည်)

29 January 2021

Viewed 1213 time

Engine by shopup.com