About us

Article

ပါမောက္ခချုပ် သို့မဟုတ် ` ဆရာကြီးရွှေမင်း ´
about-image
 

Birthdate

၁၀၊ ၄၊  ၁၉၅၇ (10-04-1957) တွင် ဗုဒ္ဓဟူးနေ့ နံနက်(၁၀)နာရီ (၄၅)မိနစ်တွင် #အဖဦးလှမောင် အမိဒေါ်မြဆွေတို့
မှ မိုင်းဆတ်မြို့၌ဖွားမြင့်ခဲ့ပါသည်။

Education

မန္တလေးတက္ကသိုလ်မှ သိပ္ပံဘွဲ့ရူပဗေဒအထူးပြု
ဖြင့်အောင်မြင်ခဲ့ပါသည်။


၁၉၇၉ခုနှစ်တွင် အစ်ကိုဝမ်းကွဲ၏လမ်းညွှန်မှုဖြင့်
နက္ခတ်ဗေဒင် လက်ဆန်းဗေဒင်တို့ကိုလေ့လာ
ခဲ့ပါသည်။

Long-term Goals

ကန်ဦးမူတစ်ဆယ့်နှစ်မြို့ သန္ဒိဋ္ဌဇာတာကောက်
ကိန်းကျမ်းဖြင့် ဆရာမပါ၊ ကိုယ်တိုင်ဇာတာဖွဲ့
နိုင်ခဲ့ပါသည်။ ထို့နောက် ကန်ဦးစကားပြေကျမ်းဖြင့်ကို
ကိုယ်တိုင်လေ့လာသင်ယူခဲ့ပါသည်။

စဉ့်ကိုင်မြို့နယ် မြောက်ကိုင်းကျေးရွာ ဆရာ
တော်ဦးဝါသဝထံ ကံဦးမူသဗ္ဗမင်္ဂလာ အခါပေး
ကိုနာရီပိုင်းမျှသင်ပြီး အလုံးစုံတတ်မြောက်ခဲ့ပါ
သည်။

၁၉၈၂ တွင် Cheiro မူရင်းကျမ်းများဖြင့်
လက္ခဏာကို ကိုယ်တိုင်သင်ယူခဲ့ပြီး မြစ်ငယ်
မီးရထားစက်ရုံ၏ စက်ပြင်ရုံမှာ ဖိုမင်ကြီး
Mr.D.Silver ၏သွဝါဒကိုခံယူခဲ့ပါသ်။

Business Career

၁၄၊၇၊၁၉၉၉မှ (14-07-1999) ယနေ့တိုင်ဗေဒင်ဟောခြင်း
သင်တန်းပို့ချခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး
Hyper Modern Astro-palmistry Research Institute ၏အသင်းဥက္ကဌလည်း
ဖြစ်ပါသည်။
ယခုလက်ရှိ K.Pရှေ့ပြေးနက္ခတ်ပညာ
ပြန့်ပွားရေးအတွက် နှစ်စဉ် Onlineပညာဒါန
သင်တန်းများ မြန်မာပြည်အနှံ့ မှဝါသနာရှင်များ
အတွက်စွမ်းစွမ်းတမံ သင်ကြားပို့ချပေးနေသော
ဆရာကြီးလည်းဖြစ်ပါသည်။

ကိုယ်ရေးရာဇဝင်အကျဉ်း
 

၁၉၅၇- ခုဧပြီလ (၁ဝ) ရက်တွင် မိုင်းဆတ်မြို့၌ အဖဦးလှမောင် အမိဒေါ်မြဆွေတို့မှ ဖွားမြင် သည်။ မွေးချင်း(၉)ယောက်တွင် အကြီးဆုံးဖြစ်သည်။

မန္တလေးမြို့နန်းတွင်း အ.ထ.ကတွင် မူလတန်းကျောင်းပညာရေးကိုစတင်ခဲ့သည်။ မိတ္ထီလာမြို့ အမှတ်(၃)တပ်မတော် အထက်တန်းကျောင်းတွင် ဒုတိယတန်းမှ နဝမတန်းအထိ ပညာသင်ယူခဲ့သည်။
နဝမတန်းဒုတိယနှစ်ဝက်နှင့် ဒသမတန်းတို့ကို မြစ်ငယ်မြို့ မြန်မာ့မီးရထားအထက်တန်း ကျောင်း၌ သင်ယူခဲ့ပါသည်။

မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ရူပဗေဒအထူးပြုသိပ္ပံဘွဲ့ ရရှိခဲ့ပါသည်။ H.G.P အထက်တန်း ရှေ့နေကို အောင်မြင်ခဲ့သည်။

မြန်မာ့မီးရထား တွဲပြင်စက်ရုံ မြစ်ငယ်မြို့တွင် ၁. ၆. ၁၉၇၈ တွင် အငယ်တန်းစာရေးဖြင့်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈၉-ခုနှစ်တွင် အထက်တန်းစာရေးဖြင့် အစိုးရဝန်ထမ်းမှ အနားယူခဲ့ပါသည်။

ထို့နောက် ကိုယ်ပိုင်ဘာသာရပ်သင် (ကျူရှင်)ဖွင့်လှစ်သင်ကြားခဲ့ရာ ၁၉၉၉ ထိဖြစ်ပါသည်။

၁၉၈၁-နိုဝင်ဘာလတွင် အိမ်ထောင်ကျခဲ့ပြီး၊ သားတစ်ယောက်၊ သမီးတစ်ယောက်ထွန်းကားခဲ့ ပါသည်။

၂ဝ၁၉-ထဲတွင် သားသည်ဗိုလ်မှူးအဆင့်ရာထူးဖြင့် တပ်မတော်မှအငြိမ်းစားယူခဲ့ပြီး အတူနေ ထိုင်ပါသည်။
သမီးမှာတေးသံရှင်တစ်ဦးဖြစ်ပြီး အနုပညာလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုသူဖြစ်သည်။ အနုပညာတက္ကသိုလ်မှ B.A ဘွဲ့ ရခဲ့သည်။

၁၉၉၉-ခု ဇူလိုင်လ (၁၄) ရက်နေ့မှ စ၍ ဗေဒင်ဟောခန်းဖွင့်ကာ နိုင်ငံခြားသားသီးသန့်ဗေဒင် လက္ခဏာဟောခဲ့ပါသည်။ လက္ခဏာပညာကို အဓိကထားပြီး အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။

၁၉၇၇-ခုနှစ်တွင် မြစ်ငယ်မြို့ မီးရထားတွဲပြင်စက်ရုံမှ ဖိုမင်ကြီး မစ္စတာဒီဆေးဗားလ် Mr D.Silver ထံတွင် ကမ္ဘာကျော်လက္ခဏာဆရာကြီး Cheiro ၏အခြေခံလက္ခဏာနှင့် ဂဏန်းဗေဒင် အပြင်မျက်လှည့်ပညာ၊တားရော့ပညာ၊ ရွဲလုံးဖြင့်ဟောသောအတတ်ပညာ၊ လောကီပညာအချို့နှင့် အင်္ဂလိပ်ဘာသာစကားတို့ကိုသင်ယူခဲ့သည်။ ၁၉၇၉-ခုတွင် အစ်ကိုဝမ်းကွဲ၏ လမ်းညွှန်မှုဖြင့် ဗေဒင်ပညာကိုသင်ယူလေ့လာခဲ့ပါသည်။

၁၉၈၁-တွင်စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာ၊လောကအောင်မြေကျောင်းတိုက်ဆရာတော် ဦးဝါသဝထံ ဗေဒင်ပညာကိုသင်ယူရန်လျှောက်ထားရာ ကောင်းကင်တစ်ခွင်တစ်ပြင်ကိုလေ့လာခိုင်းခြင်းဖြင့် ကြယ်တာရာကြည့်နည်းကို တတ်မြောက်ခဲ့ပါသည်။

ထိုသို့လေ့လာရင်း ဆရာကြီးဦးကျော်ငြိမ်း၏ ဇာတာဖွဲ့နည်း၊ တစ်ဆယ့်နှစ်မြို့သံဒိဋ္ဌ ဇာတာ ကောက်ကိန်းကျမ်းဖြင့် ကံ့ကူလက်လှည့် ဆရာမပါပဲ ဇာတာဖွဲ့နည်းပညာရပ်ကိုတတ်မြောက်ခဲ့ပါသည်။

ဆရာတော်ထံတွင် ဇာတာကညစ်ရေးနည်းသင်ပြီး ဇာတာဖွဲ့ခြင်း၊ ကညစ်ရေးခြင်းဖြင့် ဗေဒင် လောကထဲ ရောက်ခဲ့ပါသည်။

၁၉၇၇-ခုနှစ်တွင် လက္ခဏာပညာကို သာမန်သိနားလည်ရုံရှိရာမှ ၁၉၈၂-တွင် လက္ခဏာ ပညာရပ်ကို စနစ်တကျလိုက်ခဲ့ပြီး သင်တန်းမူစာအုပ်ကို ရေးသားနိုင်ခဲ့သည်။

၁၉၉၁-ခုနှစ်တွင် မြန်မာ့ရိုးရာအာယုစန်းနက္ခတ်ဗေဒင်ပညာကိုသင်ယူတတ်မြောက်ခဲ့သည်။ ညစဉ် ပညာရပ်ဆွေးနွေးဖော်မှာ တစ်ဝန်းထဲနေထိုင်ခဲ့သော စဉ့်ကိုင်မြို့နယ် မြောက်ကိုင်းကျေးရွာမှ ဘုန်းကြီးလူထွက် ဘဘလေး ခေါ် ဦးခင်မောင်ဝင်းဖြစ်သည်။

၁၉၉၅-ခုနှစ်တွင် တောင်ငူမြို့ကေတုမတီမြို့သစ်မှ ဆရာကြီးဦးညွန့်ဝေထံမှ သာဝတ္ထိဆန်းကျမ်း နှင့် နာမက္ခရဆန်းကျမ်းပညာရပ်တို့ကိုဆည်းပူးခဲ့သည်။ ဘဘလေး ခေါ် ဦးခင်မောင်ဝင်းကလိုက်လံစောင့်ရှောက်ပေးခဲ့သည်။q

၁၉၈၉-ခုနှစ်တွင် KP ရှေ့ပြေးနက္ခတ်ဗေဒင်ပညာရပ်ကိုစတင်လိုက်စားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခရီးမတွင်ခဲ့ချေ။ ၁၉၉၈-ခုနှစ်က မှ KP နက္ခတ်ဗေဒင်ကို တစ်စိုက်မတ်မတ်လိုက်နိုင်ခဲ့ပြီး၊ KP နက္ခတ် (၆) ကျမ်းလုံးကို ကျမ်းပေါက်အောင်တတ်မြောက်ခဲ့သည်။

မြစ်ငယ်မြို့ မြစ်လောင်းကျေးရွာ မြန်မာတိုင်းရင်းဆေးနှင့် နက္ခတ်ဗေဒင်ဆရာကြီးဦးလှဖေထံမှ အင်္ဂဝိဇ္ဇာကို သင်ယူတတ်မြောက်ခဲ့ပြီး၊ ထိုမှ ပုဂ္ဂလပညတ်ဆေးပညာကို အခြေခံကျကျတတ်မြောက်ခဲ့ပါ သည်။

၂ဝဝဝ-ခုမှစ၍ အင်္ဂဝိဇ္ဇာပေမူများကို ထပ်မံလေ့လာသုတေသနပြုခဲ့ပါသည်။

၂ဝ၁၅-ခုတွင် ထိုင်းဘုရင့်နန်းတော်မှ နန်းတွင်းအရာရှိကြီးအချို့၏ လက္ခဏာတို့ကို စစ်ဆေးခွင့်ရခဲ့ပါသည်။

၂၀၁၈-မတ်လ(၃)ရက်နေ့တွင် နက္ခတ္တဝေဒဆိုင်ရာ သိပ္ပံလက္ခဏာ သုတေသနအသင်း Hyper Modern Astro- PaLmistry Research Institute. ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီး သင်းဖွဲ့သို့ အသင်းဖွဲ့နိုင်ရန်တင်ပြပြီး သင်းဖွဲ့ခွင့်ပြုမိန့်ရခဲ့ သည်။
မန္တလေးတိုင်းဒေသကြီး သင်းဖွဲ့ခွင့််ပြုမိန့်ဖြင့် သာသနာရေးဝန်ကြီးဌာနသို့ ထပ်မံတင်ပြပြီးခွင့်ပြု မိန့်ရခဲ့ပါသည်။
ထိုခွင့်ပြုမိန့်မှတဆင့် ပြည်ထဲရေး၏ ယာယီသင်းဖွဲ့ မှတ်ပုံတင်ထုတ်ပေးခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေး အဖွဲ့၏ ၂ဝ၁၈-ခု၊ စက်တင်ဘာလ၊ ၁၈-ရက်နေ့စွဲဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ်၊ အမှတ် ၁/ပြည်တွင်း/ဝ၈၁ဝ ကိုရရှိခဲ့ပါသည်။

နက္ခတ္တဝေဒဆိုင်ရာ သိပ္ပံလက္ခဏာသုတေသနအသင်း၏ ဥက္ကဋ္ဌအဖြစ် အသင်းထူထောင်သည့် နေ့မှ ယနေ့ အထိ ဥက္ကဌ တာဝန်ကိုထမ်းဆောင်လျှက်ရှိပါသည်။

အသင်းတည်နေရာမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၃×၅၄ လမ်းကြား၊ လမ်းသွယ်(၃) 110 D လမ်းတွင်ဖွင့်လှစ်ထားပါသည်။

၁၉၉၈ ခုနှစ်မှ စတင်၍ နက္ခတ်ဗေဒင်သင်တန်းများ၊ လက္ခဏာသင်တန်းများ၊ လက်ဆန်းဗေဒင် သင်တန်းများ၊ ဆန်းကျမ်းဗေဒင်သင်တန်းများကို ဖွင့်လှစ်ပြီး၊ ဝါသနာပါသူများသို့ သင်တန်းပို့ချသည်မှာ ယနေ့ထိတိုင်ဖြစ်ပါသည်။

မြန်မာ့ရိုးရာ နက္ခတ်ဗေဒင်ပညာသင်တန်းများတွင်

(၁) ဇာတာဖွဲ့သင်တန်း(ကန်ဦးမူ)
(၂) ကန်ဦးမူ သဗ္ဗမင်္ဂလာအခါပေးကျမ်း
(၃) အာယုစန္ဒြာဝဏ္ဏာကျမ်းနှင့် နဝင်္ဂစိန္တာဟောပုံကျမ်း
(၄) ဗြို့ဟဇ်ဇာတကကျမ်း
(၅) ဇာတကပါရိဇာကျမ်း
(၆) သီရိပတိစကားဖြေ ကန်ဦးအာယုဒါယကျမ်း
(၇) နေကြတ်လကြတ်ကျမ်း
(၈) ကန်ဦးမူ စကားပြေကျမ်းသစ်
(၁ဝ) မြန်မာ့ပြက္ခဒိန်စီရင်နည်း
(၁၁) သူရိယသိဒန္တကျမ်း
(၁၂) သာမုန္ဒြိကလက္ခဏာကျမ်း

စသည်တို့ကို ရဟန်းရှင်လူအပေါင်းတို့အား သင်ကြားပေးခဲ့ပါသည်။ မြန်မာပြည်နှင့် ကမ္ဘာ တစ်လွှား၌ ပညာသင် သင်တန်းသားများမြောက်များစွာ မွေးထုတ်ပေးခဲ့ပါသည်။

ထို့ပြင် KPရှေ့ပြေးနက္ခတ်စနစ် ဟူးရားသင်တန်း၊ မူလဇာတာသင်တန်း၊ ကိုင်ရို(Cheiro) မူ လက္ခဏာသင်တန်း စသည်တို့ကို သင်တန်းကြေးယူ၍ သင်တန်းပို့ချလျှက်ရှိပါသည်။

၂ဝ၁၇-ခုနှစ်တွင် ဗေဒင်တက္ကသိုလ်တစ်ခုတည်ထောင်ရန် ကြိုးစားခဲ့ပါသည်။ ထိုတက္ကသိုလ် မဖြစ်မြောက်မီကာလတွင် ဗေဒင်လက္ခဏာ အသင်းတစ်သင်း တည်ထောင်ဖို့လိုအပ်ခဲ့သောကြောင့် ၂ဝ၁၈ ခုနှစ်၊ မတ်လ၊ ၃ရက်နေ့တွင် နက္ခတ္တဝေဒဆိုင်ရာ သိပ္ပံလက္ခဏာအသင်း "Hyper Modern Astro Palmistry Science, research Institute" ကိုစတင် တည်ထောင်ခဲ့ပါသည်။

၂၃. ၆. ၂ဝ၁၈-ခုနှစ်တွင် ပထမအကြိမ် ဗေဒင်နှင့်လက္ခဏာ စာတမ်းဖတ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ဒုတိယယအကြိမ်

ဗေဒင်လက္ခဏာပညာရှင်များကို ဂုဏ်ပြုမည့်ကိစ္စသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်မှပင် ဖြစ်သော်လည်း ဘဝတူ ဗေဒင်လက္ခဏာပညာရှင်များကို မြေတောင်မြှောက်ပေးသောအားဖြင့် ၂ဝ၁၈-ခု၊ အောက်တိုဘာ (၂၇) ရက်နေ့တွင် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပပြီး၊ မြန်မာနိုင်ငံမှ ကျော်ကြားထင်ရှားသော ဂုဏ်ပြုထိုက်သည့် ဗေဒင်လက္ခဏာပညာရှင်များကို ဂုဏ်ထူးဆောင်ဘွဲ့များဖြင့် ပူဇော်နိုင်ခဲ့ပါသည်။
ထို့အပြင် ၂ဝ၁၉-ခု အောက်တိုဘာ(၂ဝ)ရက်နေ့တွင် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်း အနား၌လည်း ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်ဂုဏ်ပြုပူဇော်နိုင်ခဲ့ပါသည်။

၂ဝ၁၈-ခုနှစ်တွင် ထင်ပေါ်ကျော်ကြားသည့် ဆရာကြီးများဖြစ်ကြသည့် ဒေါက်တာကံညွှန့် (ဝေဒ)၊ ဆရာကြီးရန်အောင်ဟိန်း၊ ဆရာကြီးစံဇာဏီဘို တို့အပါအဝင် ဆရာကြီး(၁ဝ)ဦးတို့အား ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်ဂုဏ်ပြုပူဇော်နိုင်ခဲ့ပါသည်။

ထို့အပြင် ၂ဝ၁၉-ခုနှစ်တွင် ဆရာအောင်ဆက်(KP)၊ ဆရာကြီးဦးသန်းဌေးအပါအဝင် ဆရာကြီး (၇)ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းနိုင်သကဲ့သို့၊ ဆရာဦးမောင်မောင်မြင့်နှင့် ဆရာဇေယျာကိုတို့ကို ဝေဒသူရဲကောင်း၊ ဝေဒထူးချွန်ဆုများကိုလည်း ချီးမြှင့်နိုင်ခဲ့ပါသည်။

စာတမ်းဖတ်ပွဲများအနေဖြင့် ၂ဝ၁၈-ခုနှစ် ဇွန်လ(၂၃)ရက်နှင့်၊ ၂ဝ၁၉-ခုနှစ် အောက်တိုဘာ (၂ဝ)ရက်နေ့များတွင်ကျင်းပနိုင်ခဲ့ပါသည်။

၂ဝ၂ဝ-ခုနှစ် သက်ကြီးဗေဒင်ဆရာများ ပူဇော်ပွဲအခမ်းအနားကို ကျင်းပရန်စီစဉ်ထားသော် လည်း COVID-19 ရောဂါကြောင့် နောက်ဆုတ်ခဲ့ရပါသည်။
သို့သော် ၂ဝ၂ဝ-ခုနှစ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖြစ်မြောက်အောင်ဆောင်ရွက်မည်ဟု သံဓိဋ္ဌာန်ချထားပါသည်။

၁၅. ၂. ၂ဝ၂ဝ-တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ H.A.P.R.I အသင်းရုံးခွဲကို ဖွင့်လှစ်ပြီး၊ ၁၅. ၆. ၂ဝ၂ဝ တွင် ရန်ကုန်မြို့ သင်္ကန်းကျွန်း၌ ရန်ကုန်ရုံးခွဲနှင့် ၂ဝ. ၆. ၂ဝ၂ဝ တွင် ရှမ်းပြည်နယ် တောင်ကြီး၌ တောင်ကြီးအသင်းရုံးခွဲကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ယခုအခါတွင် ရန်ကုန် မန္တလေးမြို့ကြီးများသို့ နက္ခတ်ဗေဒင်နှင့် လက္ခဏာပညာရပ်များကို H.A.P.R.I အသင်းကြီးကိုယ်စား အသင်းဥက္ကဋ္ဌ ဖြစ်သော ကျွန်တော်ကိုယ်တိုင် အခမဲ့သင်ကြားပြသလျှက် ရှိပါသည်။


08 February 2021

Viewed 1972 times

Engine by shopup.com