Symptoms and sense of sense
Symptoms and sense of sense
′′ Significant Education is a scientific education proven until many believe. I want to pour out and confirm this is true, but there are things that can't be approved. What is that?
At least a decade of symptoms, those who breathed for a decade in symptoms, commented at the same time that they could speak accurately with the sense of attention.
But sense acknowledgement needs to know that intuition calls are different. The line connecting Monday alien and Wednesday alien in symptoms is called Intuition Mark and the owners of the path often see and speak accurately. Worldwide sign teacher Cairo's That sign is on the cross. Speech was right over the world because of inspiration.
Sense aka attention isn't like that. Wah, nature appears from years of living with the symptoms I've learned. Often you see the right words and you can speak amazingly by hiding the dodog heels.
Wah, the sense call that happens by nature can't be altered than the feet. Only sensational research occurs many times on interacting with many crosses.
For example, the overseas of sexual attention Monday's alphabets are feeling attention when the insiders are in hand testing. You can also discriminate the category depending on how to break up. Monday's planet that's drinking and breaking The one who is addicted to the inside Monday of the planet seats A little bit of breakdown may not be different.
These can't be done just by sending symptoms. Symptoms around 2, taught my students to press the significant senses. Although there are many students, only one U Phu Nyattha understood the significance sense.
As soon as the symptoms have eaten my food Gathering in the hall. I train at 2 pm. Before and after the training, some symptoms of those who ask for signs. The cross has been handled by U Zin. Let's feel the sensory. It's practical teaching, then I took time too.
When the symptom inquiry goes back, we teach the signs to the U Zin. Also taught me to share the sensational senses. This is a timely learning on the students. They know sense when they teach like this often.
Teacher Min Thiha, who came to learn astrological symptoms from me in 2 . If sense learns for a year with teacher, you can also get basic visa. Without a teacher, a decade can pass time.
Now Sense must be sent closely to Sayar Nyo Min San, Sayar Nay Win, Sayar U Than Htwe Oo, Sayar Win Myint. Sometimes I spoke a little in the class but I didn't reach sense because I was online lessons.
In the beginning of the introduction, ′′ Symptoms are real science but people believe, but the sense that happens by nature can't be left behind. Sense is the knowledge that happens according to experience and is the education that can only be learned when you are close to the teacher and the right way.
Any education has key points. Symptoms after learning about satellites, lashes free, soft waterfront, strict satellites Key points will be allowed to learn. If you don't know about handwriting and satellite surgery, you won't be a good symptomist.
Many symptoms are seen preaching the path of destiny and success. It doesn't seem to understand the sense that comes from the planet.
If you don't study symptoms properly, you won't know the sense on the planet For example, according to Sence that happens by handling thumb.
There's a lot of preaching. Western countries have only one thumbs to handle and preach correctly.
Fingers from the ribbon U Khin Aung (Myit Nge) taught me about sense. My own The middle finger in the fingers found out that there was anxiety in attention. Also a lot of support for the left thumb and right thumb senses.
Myself as a sign teacher Which finger finger finger is feeling attention
It's very important to understand.
Antique Myanmar doctors say that there is special understanding about sense.
I don't think I need to show. Of the rock artists Hobby and stone knowledge can't be possible without feeling sense in the right price of gems.
If a symptomist and education is the same, the expert in sense of sensation can reach more popularity.
Sense by predicting how blind symptoms are predicting
The field will understand the feeling called attention. We'll report again about a blind signist for knowledge.
(I will continue to describe. )
ကျွန်ုပ်အနေဖြင့်လက္ခဏာပညာရပ်များကို သင်တန်းသားများနှင့် ထိတွေ့သင်ကြားခဲ့သလို Online သင်တန်းဖြင့်လည်း သင်ကြားပေးခဲ့သည်၊ ကျွန်ုပ်စွမ်းနိုင်သမျှသင်ကြားပေးခဲ့သော်လည်း Sense ခေါ် အာရုံသိခံစားမှုမျိုးကို ရှေးယခင်က အန္တေဝါသိကတပည့်သင်တန်းသားအနည်းငယ်ကိုသာသင်ကြားပေးနိုင်ခဲ့သည်။
" လက္ခဏာပညာရပ်သည် သိပ္ပံနည်းကျသော ပညာရပ်တစ်ခု"ဟု အများက လက်ခံယုံကြည် သည်အထိ သက်သေပြနိုင်ခဲ့သည်။ ဤစကားမှန်သည်ဟု ကျွန်ုပ်က ထပ်လောင်းပြီး အတည်ပြုပေးချင် သော်လည်း၊ အတည်ပြုမပေးနိုင်သော အရာများကလည်း ရှိနေပြန်သေးသည်။ ထိုအရာကား အဘယ် နည်း။
အနည်းဆုံးလက္ခဏာပညာရပ်ဖြင့် ဆယ်စုနှစ်တစ်ခုလောက် အသက်မွေးမြူဖူးသော လက္ခဏာ ဟောပြောသူတို့က တစ်ခါတရံအာရုံသိခံစားမှု Sense ဖြင့် တိကျမှန်ကန်အောင်ဟောပြောနိုင်ခဲ့သည်ဟု တညီတညွတ်တည်း မှတ်ချက်ပေးကြသည်။
သို့သော် Sense ခေါ်အာရုံသိခံစားမှုသည် Intuition ခေါ်အလိုလိုသိမှု နှင့် ခြားနားသည်ဟု သိရန်လိုအပ်သည်။ လက္ခဏာဗေဒတွင် တနင်္လာဂြိုဟ်ခုံနှင့် ဗုဒ္ဓဟူးဂြိုဟ်ခုံ ဆက်သွယ်နေ သော မျဉ်းကွေးကို Intuition Mark ဟုခေါ်ပြီး ယင်းလမ်းကြောင်းပိုင်ရှင်တို့သည် မကြာခဏအကြားအမြင် ရတတ်ကြပြီး၊ လက်ဖျားခါလောက်အောင် တိကျမှန်ကန်စွာဟောပြောနိုင်ကြသည်ကို တွေ့ရပေသည်။ ကမ္ဘာကျော်လက္ခဏာဆရာကြီး ကိုင်ရို၏ လက်ဝါးပြင်တွင် ထိုအမှတ်အသားပါသဖြင့် ထိုအမှတ်အသား၏ နှိုးဆော်မှုကြောင့် ဟောပြောမှုက ကမ္ဘာကျော်အောင် မှန်ကန်ခဲ့ရပေသည်။
Sense ခေါ် အာရုံသိစိတ်ကတော့ ထိုသို့မဟုတ်ပေ။ မိမိလေ့လာလိုက်စားခဲ့သော လက္ခဏာ ပညာရပ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးကြောင်းပြုရာမှ ဝါ၊ သဘာအရ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ရံဖန်ရံခါ လက်မြင်လိုက်တာနှင့် မှန်ကန်သော ဟောပြောချက်တွေကို ဒိုးဒိုးဒေါက်ဒေါက်ဖြိုးဖြိုးဖျောက် ဖျောက်ဖြင့် အံ့အားသင့်စရာကောင်းလောက်အောင်ဟောပြောနိုင်ပေသည်။
ဝါ၊ သဘာအရဖြစ်ပေါ်လာရသော Sense ခေါ် အလိုလိုသိမှုကို ပေထက်အက္ခရာတင်၍ မရ သလို ဖြစ်တတ်သည်။ လက်ဝါးပြင်ပေါင်းများစွာကို ထိတွေ့ကိုင်တွယ်စမ်းသတ်ရခြင်းအပေါ်မှာ ကြိမ်ဖန် များစွာ ဖန်တရာတေအောင်သုတေသနုပြုမှုများကသာ အာရုံသိမှုများဖြစ်ပေါ်လာသည်။
ဥပမာအားဖြင့် ကာမဂုဏ်အာရုံလိုက်စားမှုလွန်ကဲသူများ၏ တနင်္လာဂြိုဟ်ခုံ အတွင်းသားများ သည် လက်ဖြင့်စမ်းသပ်ကြည့်ရာတွင် ကြေနေသည်ကို အာရုံခံစားရသည်။ ကြေပုံကြေနည်းအပေါ်မူတည်၍ အမျိုးအစားကိုလည်း ခွဲခြားနိုင်သည်။ အရက်သေစာသောက်၍ ကြေနေသော တနင်္လာဂြိုဟ်ခုံ၏ အတွင်း ပိုင်းနှင့် ဆေးစွဲနေသောသူ၏ တနင်္လာဂြိုဟ်ခုံတို့၏ ကြေပုံကြေနည်းသည် မတူနိုင်ချေ။
ဒါမျိုးတွေကို လက္ခဏာသင်တန်းပို့ချပေးရုံနဲ့မရနိုင်ချေ။ ၂ဝဝ၅ ခုနှစ်ဝန်းကျင်က လက္ခဏာ တပည့်များကိုတော့ လက္ခဏာဆိုင်ရာအာရုံသိစိတ် Sense ကို ကိုယ်ဖိရင်ဖိသင်ပေးခဲ့ဘူးသည်။ သင်တန်း သား အမြောက်အများရှိပေမယ့် ဦးပုညဝံသ ဆိုသော ဦးဇင်းတစ်ပါးသာ လက္ခဏာဆိုင်ရာ Sense နားလည်သွားခဲ့သည်။
လက္ခဏာသင်တန်းသား ဦးဇင်းများဟာ ဆွမ်းစားပြီးသည်နှင့် ကျွန်ုပ်၏ ဟောခန်းတွင်စုရုံးကြ သည်။ ကျွန်ုပ်သည် နေ့လည် ၂နာရီတွင် သင်တန်းပေးရသည်။ သင်တန်းမစမီ နှင့် သင်တန်းပြီးသည့်နောက် ပိုင်းတွင် လက္ခဏာလာရောက်မေးမြန်းသူများထဲမှ တစ်ချို့သော လက္ခဏာရှင်တို့၏ လက်ဝါးပြင်ကို ဦးဇင်း တို့အား ကိုင်တွယ်စမ်းသပ်စေခဲ့သည်။ အာရုံခံသိစားခိုင်းသည်။လက်တွေ့မျက်တွေ့သင်ကြားပေးခြင်းဖြစ်သည်၊ ထိုအချိန်က ကျွန်ုပ်သည်လည်း အချိန်ပေးနိုင်ခဲ့သည်။
လက္ခဏာမေးမြန်းသူ ပြန်သွားပြီဆိုမှ ဦးဇင်းတို့အား လက္ခဏာရှင်ကို ဟောလိုက်သော အချက် များကို သင်ကြားပေးသည်။ ထို့အပြင် အာရုံသိ ခံစားမှု Sense ကို မျှဝေသင်ကြားပေးခဲ့သည်။ ဒါက သင်တန်းသားတွေအပေါ် အခါအားလျှော်စွာ သင်ကြားမှုပါဘဲ။ ဒီလို မကြာခဏ သင်ကြားပေးတော့ Sense ကို သူတို့သိကြရလေသည်။
၂ဝဝ၈ ခုနှစ်တွင် ကျွန်ုပ်ထံ ဗေဒင်လက္ခဏာလာရောက်သင်ယူသော ဆရာမင်းသီဟကိုလည်း သင်ကြားပေးခဲ့၏။ Sense ကတော့ ဆရာနဲ့ကြပ်ကြပ်မတ်မတ် တစ်နှစ်လောက်သင်ယူမယ်ဆိုရင်၊ အခြေခံဗီဇလည်းကောင်းမယ်ဆိုရင် ရနိုင်ပါ သည်။ ဆရာမပါရင်တော့ ဆယ်စုနှစ်တစ်ခုလောက် အချိန်တွေကုန်သွားနိုင်သည်။
ယခုတော့ Sense တွေကို လက်ရင်းတပည့်တွေဖြစ်သော ဆရာညို မင်း စံ၊ ဆရာမော့စ်၊ ဆရာ နေဝင်း၊ ဆရာဦးသန်းထွေးဦး၊ ဆရာဝင်းမြင့်တို့ကို အနီးကပ်ပို့ချပေးရမည်ဖြစ်သည်။ အကြောင်းဆုံလို့တစ်ခါတစ်ရံ သင်တန်းမှာတော့ အနည်းအကျဉ်းပြောဖြစ်ခဲ့ပေမယ့် Online သင်ခန်းစာများသာဖြစ်လို့ Sense ဘက်ကိုမရောက်ဖြစ်ခဲ့ဘူး။
နိဒါန်းအစမှာ ဖော်ပြခဲ့သလို " လက္ခဏာပညာရပ်ဟာ သိပ္ပံပညာရပ် စစ်စစ်ဖြစ်တယ်"လို့၊ လူတွေလက်ခံယုံကြည်ထားကြပေမယ့်၊ ဝါ ၊ သဘာအရဖြစ်ပေါ်လာသော Sense ကိုတော့ ဘေးချိတ်ထား ခဲ့လို့မရပါဘူး။ Sense ကတော့ အတွေ့အကြုံအရ ဖြစ်ပေါ်လာရတဲ့ ပညာဖြစ်ပြီး၊ ဆရာနဲ့အနီးကပ်၊ နည်းမှန်လမ်းမှန် သင်ကြားမှသာ ရနိုင်သော ပညာရပ်ပင်ဖြစ်လေသည်။
မည်သည့်ပညာရပ်မဆို Key Point တွေရှိသည်။ ဂြိုဟ်ခုံတွေအကြောင်း၊ လက်ဆစ်ကလေးတွေအကြောကင်း၊ ရေစာအပျော့အမာအကြောင်း၊ တင်းကန်သောဂြိုဟ်ခုံတွေအကြောင်းကို သင်ကြားပြီးရင် တော့ လက္ခဏာပညာရပ်၏ Key Point တွေလေ့လာခွင့်ရမှာပါ။ လက်သရုပ်ခွဲပညာနှင့် ဂြိုဟ်ခုံသရုပ်ခွဲပညာ ကိုမသိရင်တော့ လက္ခဏာပညာရှင်၊ လက္ခဏာဆရာကောင်းဖြစ်လာမှာ မဟုတ်ပါဘူး။
များစွာသော လက္ခဏာဟောပြောသူတို့ဟာ ကံလမ်းကြောင်း၊ အောင်မြင်ရေးလမ်းကြောင်း လောက်သာ အလေးဂရုထားပြီး ဟောနေကြတာတွေ့ရတယ်။ ဂြိုဟ်ခုံတွေပေါ်ကနေ ဖြစ်ပေါ်လာတဲ့ Sense ကိုတော့ နားလည်ဟန်မတူပါဘူး။
လက္ခဏာပညာကို စည်းစနစ်တကျ မလေ့လာထားရင် ဂြိုဟ်ခုံတွေပေါ်က Sense ကို သိလာ မှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် လက်မကိုကိုင်တွယ်စမ်းသပ်ကြည့်ကာမျှဖြင့် ဝါသဘာအရဖြစ်ပေါ်လာသော Sence အရ
ဟောနိုင်တာတွေအများကြီးရှိပါတယ်။ အနောက်နိုင်ငံတွေမှာဆိုရင် လက်မတစ်ချောင်းတည်းကိုသာကိုင်တွယ်စစ်ဆေးကြည့်ပြီး မှန်ကန်စွာဟောနိုင်တဲ့ လက္ခဏာဆရာတွေရှိပါတယ်။
Sense နှင့်ပါတ်သက်၍ကျွန်ုပ်အား ဖဲပညာသင်ကြားပေးခဲ့သောဖဲဝိဇ္ဇာကြီးဦးခင်အောင်(မြစ်ငယ်မြို့) မှ လက်ချောင်းကလေးများက အာရုံသိခံစားမှုမှာ ပဓာနကျတတ်ကြောင်းသင်ကြားပေးခဲ့တယ်။ ကျွန်ုပ်၏ လက်ချောင်းများထဲမှ လက်ခလယ်လက်ချောင်းသည် အာရုံသိခံစားရာမှာ စူးရှထက်မြက်မှုရှိသည်ကိုသိခဲ့ရသည်။ ထို့ပြင် လက်ဝဲဘက်လက်မရော လက်ယာဘက်လက်မပါ Sense အတွက်များစွာ အထောက်အကူပြုခဲ့သည်။
လက္ခဏာဆရာတစ်ယောက်အနေဖြင့် မိမိ၏မည်သည့်လက်ချောင်း Finger သည် အာရုံသိခံစားမှုရှိသည်
ကို အသေအချာနားလည်ထားရန် အထူးလိုအပ်သည်။
ရှေးမြန်မာဆေးဆရာကြီးများသည် Sense နှင့်ပါတ်သက်၍ အထူးတလည်နားလည်မှု ထူးချွန်မှုရှိသည်ကိုပြော
ပြစရာပင်လိုမည်မထင်ပေ။ ကျောက်မျက်ပညာရှင်တို့၏ဝါသဘာနှင့် ကျောက်မျက်အသိပညာတို့က ကျောက်မျက်တို့ကို မှန်ကန်စွာဈေးဖြတ်နိုင်စွမ်းမှာ အာရုံခံစားမှု Sense မပါဘဲမဖြစ်နိုင်ချေ။
လက္ခဏာဆရာချင်း၊ ပညာချင်းလည်းတူမည်ဆိုပါက Sense ခေါ် အာရုံသိခံစားမှုပညာရပ်ကို ကျွမ်းကျင်တတ်မြောက်သူက ပိုမို၍ထင်ပေါ်ကျော်ကြားမှုကိုရောက်နိုင်မည်ဖြစ်သည်။
မျက်မမြင်လက္ခဏာဆရာတို့ မည်သို့မည်ပုံဟောကိန်းထုတ်ကြသည်ကို ခန့်မှန်းကြည့်ခြင်းအားဖြင့် Sense
ဟုခေါ်သော အာရုံသိခံစားမှုဆိုတာကို ကွက်ကွက်ကွင်းကွင်းသဘောပေါက်နိုင်မည်ဖြစ်သည်။ မျက်မမြင်လက္ခဏာဆရာတစ်ဦးအကြောင်းကို ဗဟုသုတအလို့ငှာ ထပ်မံတင်ပြပေးပါအုံးမည်။
(ဆက်လက်ဖော်ပြပါမည်။)
29 January 2021
Viewed 1014 time