ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးစေသောမဟာဝေဒဗ္ဗမန္တန်
ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးစေသောမဟာဝေဒဗ္ဗမန္တန်
အရှေ့လောင်ဂျီကျုဒ် ၉၇ ဒီဂရီ ၃၀ မိနစ်ကိုစံတော်ချိန်အဖြစ်သတ်မှတ်ထားတဲ့မြန်မာတစ်နိုင်ငံလုံးအတွက်မဟာဝေဒဗ္ဗမန္တန်ကြီးရွတ်ဖတ်ရမည့်အချိန်၌စန်းဟုခေါ်ဆိုအပ်သောလမင်းကြီးသည် ဓနသိဒ္ဓနက္ခတ်ကို နောက်ခံထား၍ အာကာသမိုးကောင်းကင်တွင် တင့်တယ်စွာစံပယ် နေချိန်ဖြစ်သည်။
ထိုကဲ့သို့ဓနသိဒ္ဓနက္ခတ်နှင့်စန်းယှဉ်ချိန်တွင် "မဟာ
ဝေဒဗ္ဗမန္တန်တော်ကြီး"ကိုရွတ်ဖတ်ပူဇော်ကြမည်ဆိုလျှင်ရတနာရွှေမိုးရွာသွန်းဖြိုးသကဲ့သို့ စီးပွားလာဘ်လာဘများ မုချတိုးတက်မည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက်ရွတ်ဖတ်ရမည့်အချိန်ကား-
~~~~~~~~~~~~~~~~~~~~~~~~~~~~
၁၄-၁-၂၀၂၁ ကြာသာပတေးည ၁၈:၃၇:၂၇ နာရီတည်း။
စင်္ကာပူနိုင်ငံအတွက်-
~~~~~~~~~~~~
၁၄-၁-၂၀၂၁ ကြာသာပတေးည ၂၀:၀၇:၂၇ နာရီတည်း။
ထိုင်းနိုင်ငံအတွက်-
~~~~~~~~~~~
၁၄-၁-၂၀၂၁ ကြာသာပတေးည ၁၉:၀၇:၂၇ နာရီတည်း။
မလေးရှားနိုင်ငံအတွက်-
~~~~~~~~~~~~~~
၁၄-၁-၂၀၂၁ ကြာသာပတေးည ၂၀:၀၇:၂၇ နာရီတည်း။
Western,Australia အတွက်-
~~~~~~~~~~~~~~~~~~
၁၄-၁-၂၀၂၁ ကြာသာပတေးည ၂၀:၀၇:၂၇ နာရီတည်း။
အင်္ဂလန်နိုင်ငံအတွက်-
~~~~~~~~~~~~~
၁၄-၁-၂၀၂၁ ကြာသာပတေးနေ့လည် ၁၂:၀၇:၂၇ နာရီတည်း။
အီတလီနိုင်ငံအတွက်
~~~~~~~~~~~~~
၁၄-၁-၂၀၂၁ ကြာသာပတေးနေ့လည် ၁၃:၀၇:၂၇ နာရီတည်း။
ထိုင်ဝမ်နိုင်ငံအတွက်
~~~~~~~~~~~~
၁၄-၁-၂၀၂၁ ကြာသာပတေးည ၁၂၀:၀၇:၂၇ နာရီတည်း။
ဂျပန်နိုင်ငံအတွက်
~~~~~~~~~~
၁၄-၁-၂၀၂၁ ကြာသာပတေးည ၂၁:၀၇:၂၇ နာရီတည်း။
ယူအေအီး ( U.A.E )နိုင်ငံအတွက်
~~~~~~~~~~~~~~~~~~
၁၄-၁-၂၀၂၁ ကြာသာပတေးညနေ ၁၆:၃၇:၂၇ နာရီတည်း။
ဆိုးလ်,South Korea နိင်ငံအတွက်
~~~~~~~~~~~~~~~~~~~~~
၁၄-၁-၂၀၂၁ ကြာသာပတေးည ၂၀:၃၇:၂၇ နာရီတည်း။
-------------------------------------------------
ကောင်းကင်ပြင် ၁၂-ရာသီခွင်ရှိ "ဓနသိဒ္ဓနက္ခက်" ၏ပုံ
သဏ္ဍာန်ကို မြန်မာတို့က အင်ကြင်းသီးသဏ္ဍာန် မြင်ခဲ့၍
"အင်ကြင်းသီးသွင်၊ လေးလုံးမြင် မည်တွင် ဓနသိဒ္ဓဆို။ ။"
ဟုနက္ခတ် ၂၇-လုံးသံပေါက်၌စပ်ဆိုထားပါသည်။ အနောက်
တိုင်းနက္ခတ်ပညာရှင်တု့ိကမူ " လင်းပိုင် " တစ်ကောင်၏ပုံ
သဏ္ဍာန်အဖြစ်ရှုမြင်ခဲ့ကြသည်။
ရှေးမြန်မာတို့သည်မိမိတို့၏ဦးခေါင်းပေါ်ဝယ်ညစဉ်ဖြတ်
သန်းသွားလာနေသော ကြယ်စုပေါင်း ( ၁၅၈ ) စုအနက်မှ
ကြယ်စု ၂၇-စု ( နက္ခတ် ၂၇-လုံး )ကိုယဉ်ပါးခဲ့ကြသည်။
နက္ခတ်ဗေဒင်ဟောဆိုရာဝယ် ရာသီစက် ၁၂-ခုကိုအခြေ
ခံထားပြီး ထိုရာသီစက်တွင် နက္ခတ် ၂၇-လုံး၏နာမများဖြင့်
နက္ခတ်တစ်လုံးလျှင် ၁၃-အံသာ ၂၀- လိတ္တာနေရာပေး၍ ရာ
သီစက်၏ ၃၆၀-အံသာကို ၂၇-နေရာအညီအမျှခွဲဝေပေးခဲ့
ကြသည်။
နက္ခတ်ဗေဒင်ဟောရန်အလို့ငှာ နေရာပေးထားခြင်းသာဖြစ်၍ လက်တွေ့ကောင်းကင်ပြင်၌မူ အနှီနက္ခတ်၂၇-လုံးတို့
သည် ဗေဒင်ဆရာများသတ်မှတ်ထားသည့်နယ်ပယ်နှင့် သွင်
သွင်ကွဲလွဲနေသည်။
ရှေးကျမ်းများတွင် ဗေဒင်ဟောရန် ခွဲဝေပေးထားသည့်နက္ခတ်တစ်လုံး၏အကျယ် ၁၃ အံသာ ၂၀-လိတ္တာသည် မျက်
မြင်နက္ခတ်တည်နေရာများ မဟုတ်ကြောင်းကို ဖတ်ရှုမှတ်
သားခဲ့ရသည်။
ဥပမာအားဖြင့် မြန်မာ့ရိုးရာနက္ခတ်ဗေဒင်ပညာ၌ စင်နက္ခတ် ( စန်းစီးနက္ခတ် )ကိုဗေဒင်ဟောရန် အသုံးပြုခဲ့ျသာ်လည်း
အမှန်စင်စစ်တွင်မူ စန်းစီးနက္ခတ်တည်နေရာကို "မြင်နက္ခတ်"
ဖြင့်ဖော်ပြပေးရသည်ဖြစ်၍ မြင်နက္ခတ်ကောက်နည်းလည်း
ရှိလေသည်။ မွန်းတည့်နက္ခတ်ကောက်နည်းလည်းအလားတူ
ရှိ၍ ယနေ့ခေတ်ဗေဒင်လောကတွင် ကောင်းကင်ပြင်၌ တိကျ
စွာရှိနေသောနက္ခတ်တည်နေရာနှင့် ဗေဒင်ဟောရန်ပိုင်းခြား
ထားသည့် နက္ခတ်အပိုင်းအခြားနေရာကို အတူူတူဟု ထင်
နေပုံရသည်။
ကျွန်ပ်သည်ထန်းဖူးဇာတာမြောက်များစွာကို ကညစ် ဖြင့်
ကိုယ်တိုင်ရေးခဲ့ရ၍၊ ဇာတာရေးရင်း နက္ခတ်များကိုသုတေသနပြုခွင့်ရသလို မျက်မြင်လည်းလေ့လာခွင့်ရခဲ့သည်။
ကျွန်ပ်၏ဆရာကြီး" ဝဏ္ဏကျော်ထင်ဦးကျော်ငြိမ်းသည်
သူ၏ "ကန်ဦးမူ တစ်ဆယ့်နှစ်မြို့ သံဒိဌဇာတာကောက်ကိန်းကျမ်း" တွင် နက္ခတ် ၂၇-လုံး၏တည်နေရာကိုအတိအကျ
ဖော်ပြထားခဲ့သည်။ အင်္ဂါပိုင် ဓနသိဒ္ဓနက္ခတ်၏နယ်ပယ်သည်
မကာရရာသီ ၂၃-အံသာ ၂၀-လိတ္တာ မှ ကုမ်ရာသီ ၆-အံသာ
၄၀-လိတ္တာအထိကျယ်သော်လည်း ကောင်းကင်မှဓနသိဒ္ဓ
နက္ခတ်တည်နေရာသည် မကာရရာသီ ၁၇-အံသာတွင်ရှိ၍
နယ်ပယ်နှင့် နက္ခတ်တည်နေရာ လွဲနေသည်ကို သတိမူရန်
လိုအပ်ပါသည်။
သူရိယသိဒ္ဓန္တကျမ်း(၁),(၂),(၃)တို့၌ဓနသိဒ္ဓနက္ခတ်တည်
နေရာကို ၂၈၇-အံသာ ၁၄ လိတ္တာ နှင့် ၂၈၇-အံသာ ၁၆လိ
တ္တာဟု အသီးသီးဖော်ပြထားသည်ကိုတွေ့ရပါသည်။
ထို့ကြောင့် "ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး " ဟူသော ညစ်
မျိုး ငါးဝ ကင်းစင်သောအချိန်များ၌ ကောင်းကင်ရှိ နက္ခတ်
၂၇-လုံးတည်နေရာကို တိကျလုနီးပါးတိုင်းတာနိုင်ခဲ့သည်။
နောက်ဆုံးတွေ့ရှိချက်ကား ဆရာကြီးဦးကျော်ငြိမ်း၏မူက
သာလျှင်မှန်ကန်ကြောင်းတွေ့ရှိခဲ့ရလေသည်။
မဟာဝေဒဗ္ဗမန္တန်တော်ကြီးကိုရွတ်ဖတ်ကြမည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့အနေဖြင့် ၁၄-၁-၂၀၂၁ ကြာသာပတေးည ၁၈:၃၇:၂၇ နာရီ သို့ရောက်သော အခါသမယဝယ် စန်း ခေါ်လမင်းနှင့် ဓနသိဒ္ဓနက္ခတ်တို့ ရာသီစက်ဝန်း၏ ၂၈၇ အံသာတွင်အတိအကျဆုံတွြေ့ကမည်ဖြစ်၍ ထိုအချိန်ဝယ်ရွတ်ဖတ်ကြမည်ဆိုလျှင် အကျိုးများမည်ဖြစ်ကြောင်းနှင့်ကိုယ်တိုင်လိုက်နာ၍အကျိုးရှိခဲ့ကြောင်းတင်ပြလိုက်ပါသည်။
( အနည်းဆုံး ၉ ခေါက်ရွတ်ပါ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဓနသိဒ္ဓနက္ခတ်အပေါ်မွန်းတည့်မျဉ်းဖြတ်ချိန် "
+++++++++++++++++++++++++++
ဓနသိဒ္ဓနက္ခတ်သည် ကမ္မဘာဝမွန်းတည့်မျဉ်းပေါ်
(၁) ရက်လျှင် တစ်ကြိမ်ဖြတ်သန်းလေ့ရှိသည်။ ယခင်က
ဓနသိဒ္ဓနက္ခတ်နှင့် စန်းယှဉ်သောနေ့တွင်လည်း သက်
ဆိုင်ရာမြို့ရွာအလိုက်မွန်းတည့်မျဉ်းပေါ် ဓနသိဒ္ဓနက္ခတ်
ဖြတ်သန်းချိန်ကို တွက်ချက်ပေးထားပါသည်။
အမှန်စင်စစ်ကား မြန်မာနိုင်ငံအတွက် ဓနသိဒ္ဓနက္ခတ်နှင့် စန်းယှဉ်ချိန်ကို အထက်တွင်ဖော်ပြပြီးသည်ဖြစ်
၍ ထိုအချိန်ကိုသာရွတ်ရန်လိုအပ်ပြီး မြို့ရွာအလိုက်မွန်း
တည့်မျဉ်းပေါ် စန်းဖြတ်ချိန်ကို ရွတ်ဖတ်ရန်မလိုအပ်ချေ။
နောင်တွင်အမှားကိုအမှန်ထင်မည်ကိုစိုးရိမ်ပါသဖြင့် ဤကဏ္ဍကိုချန်လှပ်တော့မည်ဖြစ်ပါသည်။
(ဓနသိဒ္ဓနက္ခတ်)
29 January 2021
Viewed 856 time