နာမကရဏနာမည်မှည့်မင်္ဂလာ
နာမကရဏနာမည်မှည့်မင်္ဂလာ
ကျွန်တော့်အနေဖြင့် ကလေးနာမည်ပေးတော့
မည်ဆိုလျှင် KP ဇာတာဖွဲ့ကာထိုကလေး၏အနာ
ဂါတ်ကိုစစ်ဆေးပြီးမှသာနာမည်ပေးလေ့ရှိသည်။ထိုသို့စစ်ဆေးရာတွင်-
၁။ ကလေး၏သက်တမ်း
၂။ ကျန်းမာရေးအနေအထား
၃။ မိခင်ဖခင်တို့၏သက်တမ်း
၄။
မိဘတို့၏စီးပွားရေးဆုတ်ယုတ်မှုုရှိမရှိ
၅။ ကလေးပညာတတ်/မတတ်
၆။ ဥပစ္ဆေဒကကံရှိမရှိ
၇။ ရူးသွပ်မှုရှိမရှိ
၈။ ထောင်တန်းကျမှုရှိမရှိ
၉။ ဘဝအဆင့်အတန်း
၁၀။ အလုပ်အကိုင်
၁၁။ အကျင့်စာရိတ္တကောင်းမကောင်း
စသည့်အချက်များကိုအဓိကထားပြီးစစ်ဆေး
ကာနာမည်ပေးပါသည်။
ဥပမာအားဖြင့်-
သက်တမ်းနှင့်သက်ဆိုင်သည့်( ၁ )တန့်ဘာဝသန္ဓိ
ဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ၆-၈-၁၂ နှင့်ပတ်
သက်ပြီးမာရကဘာရကတို့နှင့်လည်းဆက်သွယ်
လျှင်ကျန်းမာရေးညံ့လျှက်အသက်တိုမည်ဖြစ်သောကြောင့်နာမည်မပေး။
( ၂ )တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည်၂-၆-၁၀-၁၁ တန့်တို့ဖြင့်မဆက်သွယ်လျှင်သော်
ဆင်းရဲနုံချာသောဘဝ၌ဝဲလည်နေမည်ဖြစ်၍နာမည်မပေး
(၄) တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည်
၃-၈-၁၀ တို့နှင်ဆက်သွယ်ပြီး၄-၉-၁၁ တို့နှင့်မ
ဆက်ဆွယ်လျှင်ပညာသင်မရ၍နာမည်မပေး
(၄) တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည်
၃-၉-၁၁-၅-၇ တို့နှင့်ဆက်သွသ်သော်မိခင်သက်
တမ်းတိုမည်ဖြစ်၍နာမည်မပေး
(၉) တန့်ဘာဝသန္ဓိနက္ခတ်သခင်ဂြိုဟ်သည်၈-၂-
၃-၄ တန့်ဖခင်၏ဘာရကဌာနနှင့်ဆက်သွယ်သော်
ဖခင်သက်တမ်းတို၍နာမည်မပေး
(၈) တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည်
၄-၈-၁၂ နှင့်ဆက်သွယ်သော်မတော်တဆမှုမှ
ခန္ဒာကိုယ်အစိတ်အပိုင်းဖြတ်တောက်ရမည်ဖြစ်၍
နာမည်မပေး
(၁၂) တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်
သည်၆-၈-၁၂ နှင့်ပတ်သက်သော်စိတ်ကျမ်းမာ
ရေးမကောင်းနိုင်သောကြောင့်နာမည်မပေး
(၁၂) တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်
သည်ရာဟုဖြစ်နေလျှင်ထောင်မင်းသားဖြစ်သ
ဖြင့်နာမည်မပေး
(၁) တန့်(၅) တန့်(၇) တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်
သခင်ဂြိုဟ်တို့သည်နစ်ကိုယ်ပွားရာသီတို့နှင့်
ဆက်သွယ်သော်လိင်တူဆက်ဆံမည်ဖြစ်၍နာ
မည်မပေး
(၁၀) တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်မှာ
တိုးတက်သောဘာဝတို့နှင့်မဆက်စပ်ပဲ ၅-၈-၁၂
နဲ့သာဆက်စပ်လျှင်နိမ့်ကျသောလူတန်းစားသာ
ဖြစ်နိုင်သောကြောင့်နာမည်မပေး
နှင့်အခြားသောမကောင်းအချက်အလက်များ
ကိုထပ်မံရှာဖွေပြီးထိုအချက်များကင်းမှသာနာမည်
ပေးပါသည်။
နာမည်ပေးရာတွင်ဂဏန်းဗေဒင်စနစ်ကိုကျင့်
သုံးပြီးအများအားဖြင့် Father Name တစ်လုံးကို
ထည့်သွင်းအသုံးချပါသည်။
အသင့်ရွေးချယ်ထားသည့်နာမည်မရှိပါ။သူ့
ဘဝအလုပ်အကိုင်နှင့်ဆက်နွယ်ပတ်သက်မည့်
နာမည်ကိုပညတ်သွားရာဓါတ်သက်ပါအောင်မှည့်ပါသည်။အရပ်ပုမည့်ကလေးကိုမြင့်ထည့်မမှည့်ပါ
မဲမည့်ကလေးကိုဖြူတို့လတ်တို့ထည့်မမှည့်ပါ။အဲ
ဒါက(၁) တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်
ကြည့်ကာမျှဖြင့် ဖြူမဲပုမြင့်သိနိုင်ပေသည်။
ကျွန်တော်ရဲ့နာမည်ပေးမင်္ဂလာအခါစာတမ်း
ကိုလေ့လာဖတ်ရှုနိုင်ရန်တင်လိုက်ပါသည်။
ဆရာရွှေမင်း( တောင်သမန် )
29 January 2021
Viewed 1597 time