လက္ခဏာမှ အခြေချမည့်ဒေသကိုဟောနိုင်ပါသလား?

Category: Article

လက်ဝါးပြင်မှ အခြေချနေထိုင်ရမည့် မြို့ရွာဒေသတို့ကို တိတိကျကျတွက်ချက်နိုင်ပါသလားဟု ကျွန်ုပ်ကို ဗေဒင်မေး ပရိသတ်နှင့် တပည့်တပန်းများက၊ မကြာခဏမေးလေ့ရှိသည်။ ထိုကဲ့သို့မေးတိုင်း ကျွန်ုပ်က ဆရာကြီးကိုင်ရို၏ စဉ်းစားဆုံးဖြတ်ပုံကို ပြန်ပြောလေ့ရှိသည်။
ဆရာကြီးကိုင်ရိုက သူလျှိုမယ် မာတာဟာရီကို အခြေချနေထိုင်သင့်သည့် နိုင်ငံကိုဟောရာတွင်-
" ဂျာမဏီနိုင်ငံဟာ သင့်ရဲ့ ဘဝတက်လမ်းဖြောင့်ဖြူးသော နိုင်ငံ ဖြစ်ပါလိမ့်မည်။ ဒါပေမယ့် သင်က ဥပစ္ဆေဒက ကံဖြင့်သေဆုံးမယ်လို့ ဟောခဲ့တာကိုတော့ မမေ့ပါနဲ့ " ဟု ပြန်ပြောခဲ့သည်။
ဒီအဟော ဟောနိုင်ဖို့ ဆရာကြီးသည် အနောက်တိုင်းဗေဒင် သာယာနစနစ်ကို သုံးပြီးဟောခဲ့ ခြင်းဖြစ်သည်။ ဆရာကြီး ဘယ်ပုံဘယ်နည်း ဆုံးဖြတ်သလဲဆိုတာတွေကိုတော့ လက္ခဏာသင်တန်း၊ နက္ခတ် ဗေဒင်သင်တန်းတွေမှာ မကြာခဏသင်ကြားပေးခဲ့သည်။
နပိုလီယံရဲ့ အနာဂတ်ကိုဟောခဲ့သည့် ပြင်သစ်ဘုန်းတော်ကြီး ဒီလော့ကလပ် ကတော့-
" သင်ဟာ ကျွန်းလေးတစ်ကျွန်းပေါ်မှာ မွေးဖွားပြီး၊ ကျွန်းလေးတစ်ကျွန်းပေါ်မှာပဲ သေဆုံးရမယ်။ ဒါပေမယ့် သင်မွေးဖွားရာ ကျွန်းနဲ့ အလွန်ဝေးသော ကျွန်းလေးတစ်ကျွန်းမှာဖြစ်မယ်။ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြားမှာ သင့်ရဲ့ရည်မှန်းချက်တွေ အထွဋ်အထိပ်ရောက်လိမ့်မယ်၊ နောက်ငါးနှစ်ကြာရင် သင်ဟာ ပြင်သစ် တပ်မတော်ကြီးကို ဦးဆောင်ရမယ် " လို့ အသက် ၂၂-နှစ်အရွယ် ပြင်သစ် ဒုဗိုလ်ကလေး နပိုလီယံကို ဟောကြားခဲ့တယ်။
နပိုလီယံသေဆုံးရမည့် နေရာကို အနောက်တိုင်း နက္ခတ်ဗေဒင်(သာယာနစနစ်) နဲဘဲ ဟောကြားခဲ့တယ်။
ဆရာကြီး ခရစ်ရှနားမူရ်တီးကတော့ လူတစ်ဦးတစ်ယောက်ပြောင်းရွှွှေ့မည့် အရပ်ဒေသကို ၃တန့်ဘာဝ သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်ဖြင့် တိကျမှန်ကန်စွာ ဟောပြောနိုင်ကြောင်း သင်ကြားခဲ့တယ်။
ဒီနေရာမှာ KP နက္ခတ်ဗေဒင်ဥပဒေသ တစ်ရပ်ကို ပညာလိုလားနက္ခတ်ဗေဒင်သင်တန်းသားအတွက် သင်ကြားပေးလိုက်ပါတယ်။
(၁) လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ရွေ့လျားရာ
သီရှိ ဂြိုဟ်တစ်လုံးပိုင်နက္ခတ်ဝယ်ရောက်ရှိနေပါက
ထိုဇာတာရှင်သည် မွေးရပ်မြေမှ ဝေးကွာသောအရ
ပ်တွင် အခြေချနေထိုင်လိမ့်မည်။
(၂) လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ခိုင်မြဲသော
ရာသီတစ်ခုတစ်ခုရှိဂြိုဟ်ပိုင်နက္ခတ်၌ရှိနေသော် ဇာ
တာရှင်သည် မွေးရပ်မြေတွင်နေထိုင်ရမည်။
(၃) လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် အမြွှာရာသီ
ရှိဂြိုဟ်ပိုင်နက္ခတ်ကိုစီးထားလျှင် ရေခြားမြေခြားမှစီး
ပွားဥစ္စာရှိလိမ့်မည်။ သို့ရာတွင်ရရှိသောဥစ္စာပစ္စည်း
မှာတည်မြဲလိမ့်မည်မဟုတ်၊ အရွေ့အပြောင်းများလိ
လိမ့်မည်။
KP ရှေ့ပြေးနက္ခတ်ဗေဒင်ပညာဖြင့် နေထိုင်ရမည့်မြို့နိုင်ငံတို့ကို တိကျစွာညွှန်ပြဖော်ထုတ်နိုင်ပေသည်။
ဒါကြောင့် လက္ခဏာဟောပြောရာမှာ အနောက်တိုင်း နက္ခတ်ဗေဒင်၊ သို့မဟုတ် KP.နက္ခတ် ဗေဒင်နဲ့တွဲပြီး ဟောပြောရမယ်လို့ တပည့်တွေကို မှာကြားလေ့ရှိပါတယ်။
မှတ်ချက်။ ။ နမူနာမှာ သူလျှိုမယ် မာတာဟာရီ၏ လက်ဝါး
ပုံဖြစ်ပါသည်။
(ပညာရှင်ကဏ္ဍ)

29 January 2021

Viewed 1120 time

Engine by shopup.com