ပါမောက္ခချုပ် သို့မဟုတ် ` ဆရာကြီးရွှေမင်း
ပါမောက္ခချုပ် သို့မဟုတ် ` ဆရာကြီးရွှေမင်း
အသက်ကြီးလာရင် ဝါးပတ္တလားလေးတီးပြီးသာယာချင်ခဲ့တာ။ အခုတော့ဘယ်တော့မှမပြတ်နိုင်တဲ့ အလုပ်တွေကပိနေတာ။
တယောထိုးဖို့ နဲ့ ဒုံမင်းတီးဖို့ဆိုတာလည်းတော်တော့ကိုဝေးသွားပြီ။
ဘင်ဂျိုလေးတစ်လက်ရှိရင်အကောင်းသား။
သမီးတီးနေတဲ့ ဂစ်တာတော့ရှိပါရဲ့။ဒါပေမယ့် ကိုယ့်အသက်အရွယ်နဲ့မသင့်တော်။ သမီးကိုလည်းထပ်ပြီးသင်ပေးချင်ပေမယ့် အချိန်က ဆင်းရဲလွန်းတယ်။
ဝတ္ထုတို့ ကဗျာတို့ရေးဖို့ဆိုတာဝေလာဝေးဘဲ။အရင်ကရေးထားတဲ့ ဝတ္ထုတွေတောင်အချောမသတ်နိုင်။
အရင်တုံးကဆိုရင် ကိုယ်ရေးတဲ့ဝတ္ထု မဂ္ဂဇင်းထဲပါ
လာရင်ပျော်လို့မဆုံးဘဲ။ စာပေသူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီးလေကန်ရင်းနဲ့ လက်ဖက်ရည်ဆိုင်က လေထန်ကုန်းဖြစ်ခဲ့ရတယ်။
ကမ္ဘာ့စစ်တုရင်ချန်ပီယံဖြစ်ချင်တာ စစ်တုရင်သမားတိုင်းရဲ့အိပ်မက်။
စစ်တုရင်ကစားသမားတစ်ယောက်ဘဝမှာအချိန်တွေကိုအများကြီးရင်းနှီးမြုပ်နှံခဲ့ရတယ်။ ဆယ်စုနှစ်တစ်ခုခွဲလောက် တစ်နေ့ ၈ နာရီလောက်တစ်ယောက်ထဲစားပွဲပေါ ်မှာတစ်ယောက်ထဲကစားခဲ့တယ်။
အောင်မြင်မှုအသီးအပွင့်တွေရယူဆွတ်ခူးခဲ့ပေမယ့်
ရည်မှန်းချက်မပြည့်မှီခဲ့ဘူး။
ဒါပေမယ့် Analysis သရုပ်ခွဲမှုအတတ်ပညာကိုတတ်မြောက်ခဲ့တယ်။ ဒါကဗေဒင်ပညာကိုထူးချွန်လာအောင်အထောက်အကူပြုနိုင်ခဲ့တယ်။
မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသောစစ်တုရင် Grand Master သူငယ်ချင်းဖြစ်တဲ့ GM ဇော်ဝင်းလေးရဲ့ လက္ခဏာနဲ့ဇာတာကိုစုဆောင်းနိုင်ခဲ့တယ်။ကောင်းရာသုဂတိလားပါစေ သူငယ်ချင်း။
စစ်တုရင်အမွေကို သားကဆက်ခံယူခဲ့တယ်။ အနုပညာအမွေကိုသမီးကထိမ်းသိမ်းနိုင်ခဲ့တယ်။ လက္ခဏာ နဲ့ ဗေဒင်အမွေတို့ကိုတော့ တပည့်တွေဆီဘဲလွဲရလိမ့်မယ်။
ဇာတာဖွဲ့ပြီးထန်းဖူးပေါ ်ကညစ်ရေးတဲ့နေရာမှာ ကိုယ့်ကိုယ်ကို လက်ရေးအလှဆုံးလို့ထင်ခဲ့တာ။ ၁၉၈၉
ရောက်တော့ ပုဏ္ဏားကိုမင်းဇော်နဲ့တွေ့မှကိုယ့်ထက်သာသူရှိပါသေးလားလို့သိရတော့တယ်။ တကယ်တော့
လက်ရေးက ပါရမီနဲ့ဆိုင်တယ်။
ခုခေတ်ဗေဒင်ဆရာတွေ ထန်ဖူးဇာတာမှာ ကညစ်ရေးတာမရှိတော့ဘူး။ ကညစ်ရေးတာအလွန်ပညာပါတယ်။ တပည့်အတော်များများကိုသင်ပေးခဲ့ပေမယ့် ထွန်းထွန်းပေါက်ပေါက် တစ်ယောက်မျှမရှိခဲဘူး။ အစောကပြောသလို ကညစ်ရေးတာပါရမီလိုတယ်။
ဗေဒင်စ,ဟောတော့ ကျောက်တော်ကြီးဆရာတော်အပါအဝင် အတော်များများက တြိစက္ကဇာတာဖွဲ့တတ်လားအမြဲမေးခံရတယ်။ တြိစက္ကဇာတာဖွဲ့တာကိုအတော်ခက်တယ်လို့ထင်နေကြပုံရတယ်။
ကိုယ်က ကံ့ကူလက်လှည့်ဆရာမပါဘဲ ကန်ဦးမူ
တစ်ဆယ့်နှစ်မြို့ကောက်ကိန်းကြည့်ပြီးတတ်လာခဲ့တာ။ဘယ်ဆရာဆီမှမသင်ခဲ့ဘူး။
အလားတူ သင်္ကြန်တွက်ရိုး ကန်ဦးစကားပြေကျမ်းသစ် နေကြတ် လကြတ် သီရိပတိစကားဖြေ အာယုစန်းနက္ခတ်အဟောတွေလည်း စာအုပ်ဖတ်ပြီးတတ်ခဲ့တာ။ ဘယ်ဆရာဆီမှမသင်ခဲ့ဘူး။
သဗ္ဗမင်္ဂလအခါပေးကျမ်းကိုတော့ လောကအောင်မြေကျောင်း ဆရာတော် ဦးဝါသဝထံ တစ်ရက်သင်ကာမျှနဲ့သဘောပေါက်နားလည်တတ်မြောက်ခဲ့တယ်။
သင်ဆရာထက် မြင်ဆရာ ကြားဆရာနဲ့ စာအုပ်ကဆရာဖြစ်ခဲ့တယ်။ ဆရာကြီးဦးကျော်ငြိမ်းက စာအုပ်ဖတ်ပြီးသင်ယူတတ်မြောက်အောင် ရှင်းရှင်းလင်းလင်းရေးထားခဲ့ပြီးသားပါ။ တကယ်တတ်ချင်တဲ့စိတ်စေတနာက်ုအရင်းခံဖို့ကအဓိကပါ။
သြော်..... အရေးကြီးတာလေးပြောဖို့ကျန်သေးတယ်။ ဗေဒင်ပညာကိုတော်ချင်ရင်ကိုယ်လိုချင်တဲ့ဗေဒင်ကျမ်းဂန်ကိုစေ့စေ့စပ်စပ်ဖတ်ပြီး Note မှတ်စုထုတ်တတ်ရတယ်။
အဲဒါ အဓိက Main Point ပါဘဲ။ နောက်တစ်ချက်က ကျမ်းတိုင်းကျမ်းတိုင်းကိုစစ်ယူပါ။ တနည်းအားဖြင့် အကြိမ်ကြိမ်သုတေသနပြုပြီး ဘယ်တော့ မမှားတော့ဘဲ အမြဲမှန်မှအသုံးပြုပါ။ အမှန်ရာခိုင်နှုန်းများတယ်ဆိုရုံမျှနဲ့မသုံးပါနဲ့။ ကိုယ်အသုံးပြုမည့်ပညာကို ဖွမတွေးပါနဲ့။ အမြဲတမ်းမှန်မှအသုံးပြုပါ။ တစ်ခါတစ်ရံတော့ မှားတတ်သေးတယ်ဆိုလဲအသုံးမပြုပါနဲ့။ အဟောခံရတဲ့သူအတွက်အဆိပ်သင့်တတ်ပါတယ်။စွန့်ပစ်ဖို့ဘယ်တော့မှ နောက်မကျစေနဲ့။
ဒီလိုဆိုရင် သင်ဟာအတော်ဆုံးဗေဒင်ဆရာဖြစ်လာတော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲ။
29 January 2021
Viewed 1215 time