မွေးချိန်မှန်ရှာဖွေရန် အတွက်လိုအပ်သောအချက်များ(၃)
မွေးချိန်မှန်ရှာဖွေရန် အတွက်လိုအပ်သောအချက်များ(၃)
KP ရှေ့ပြေးနက္ခတ်ဗေဒင်ပညာရပ်တွင် မွေးချိန်မှန်ရှာဖွေခြင်းသည် အရေးအကြီးဆုံးသောအခန်းကဏ္ဍမှပါဝင်သည်ကို စစ်မှန်သော KP နက္ခတ်ဗေဒင်ဆရာများက ငြင်းပယ်မှာမဟုတ်ပါဘူး။ ဘာဝသန္ဓိဘုတ္တိနက္ခတ်များကို အသားပေးဟောပြောရသောစနစ်ဖြစ်သောကြောင့် KP ဆရာတစ်ယောက်အဖို့ မွေးချိန်မှန်ရှာတတ်ဖို့ အလွန်အရေးကြီးလှသည်။
မွေးချိန်မှန်ရရှိပြီး ဖွဲ့ထားသောဇာတာတစ်စောင်က ဇာတာရှင်၏ ဘဝအဖြစ်အပျက်အမှန်ကို နေ့စွဲရက်စွဲများနှင့် တိကျစွာဟောနိုင်မယ်ဆိုတာ ယုံမှားသံသယဖြစ်ဖွယ်မလိုပါ။
လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ရာသီ ၁၂ပါးတွင် ရာသီတစ်ခု၌ ရပ်တည်ခြင်းဖြင့် ဇာတာ ရှင်သည် အရပ်ပုမည်၊ ရှည်မည်၊ ရဲရင့်မည်၊ ပါးလျပ်လျပ်ရှိမည်၊ သန်မာကြမ်းတမ်းမည်၊ နုညံ့မည် စသဖြင့် ဟောနိုင်သည်။
ဤရာသီ ၁၂ပါးမှ အုပ်စု သုံးခုခွဲ၍ လေ့လာရသော်-
(၁) မေထုန်၊ သိဟ်၊ ဓနု နှင့် ကုမ်ရာသီတို့၌ လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်ရပ်တည်သော် ဇာတာရှင်သည် ကောင်းစွာ အရပ်မြင့်မားမည်။
(၂) မိဿ၊ ကန်၊ တူနှင့် ဗြိစ္ဆာရာသီတို့၌ လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်ရပ်တည်သော် ဇာတာရှင်သည် ပျှမ်းမျှအရပ်ရှိမည်။
(၃) ပြိဿ၊ ကရကဋ်၊ မကာရနှင့် မိန်ရာသီတို့၌ လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်ရပ်တည် သော် ဇာတာရှင်သည် အရပ်ပုမည်။
ဤသည်မှာ အခြေခံ ဥပဒေသပင်ဖြစ်သည်။ KP. Reader III Predictive Stellar Aatrology ဒုတိယပိုင်းစာမျက်နှာ(၁) မှ ဘာသာပြန်ပြီး ထုတ်နုတ်ဖော်ပြလိုက်ပါသည်။
လဂ်သန္ဓိဘုတ္တိသခင်ဂြိုဟ်ကို မည်သည့်ဂြိုဟ်တို့က ပူးခြင်း မြင်ခြင်းရှိသည်ကိုလည်း ကြည့် ရမည်ဖြစ်ပြီး၊ ထိုဂြိုဟ်တို့မှာ သဘာဝကို ထဲ့သွင်းစဉ်းစားရန် လိုအပ်ပါသည်။ လဂ်သန္ဓိဘုတ္တိသခင်ဂြိုဟ်ကို-
(၁) ၅တေးဂြိုဟ်၏ ကောင်းသော ပူးခြင်းမြင်ခြင်း ရှိသော် ခန္ဓာကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးစေသည်။
(၂) စနေမြင်သော် ကြုံလှီစေသည်။
(၃) ၆ကြာက ပူးခြင်းမြင်ခြင်းရှိသော် ကျက်သရေရှိခြင်း၊ တင့်တယ်ခြင်း၊ နှစ်လိုဘွယ် ဆွဲဆောင် မှုရှိခြင်း၊ လှပခြင်းတို့ဖြစ်ပေါ်စေသည်။
(၄) တနင်္ဂနွေနှင့် အင်္ဂါ ပူးခြင်းမြင်ခြင်းက ကြွက်သားများ ဖွံံ့ဖြိုးခြင်းနှင့် သန်မာသော ခန္ဓာကိုယ် ရှိမည်။
(၅) ၂င်္လာနှင့် အမြင်အယှဉ်ရှိသော် ဖုဖုဖောင်းဖောင်း၊ ပြည့်ပြည့်ဖြိုးဖြိုးနှင့် မှိန်သော အသား အရေရှိမည်။
၂င်္လာသည် နှာတံရှည်ခြင်း၊ စူးရှထက်မြက်သောမျက်လုံးနှင့် ဂဏှာမငြိမ်သော မျက်လုံးရှိမည်။
(၆) ယူရေးနပ် ပါဝင်လာလျှင် ခြေဆံလက်ဆံရှည်မည်။
(၇) ရာဟုက အရပ်ရှည်ခြင်းနှင့် ကိတ်က အရပ်ပုခြင်းကို ထုတ်လုပ်ပေးသည်။
(၈) စနေနှင့် တနင်္ဂနွေဂြိုဟ်တို့၏ အမြင်အယှဉ်က ခြုံပုတ်ကဲ့သို့သော ဆံပင်များ ရှိလိမ့်မည်။
လာမည့်အခန်းကဏ္ဍများတွင် ရာသီများကညွှန်ပြသော မျက်နှာများအကြောင်းများကို ပို့ချပေးသွားမှာဖြစ်
ပါတယ်။ လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ထိုလဂ်ပိုင်ရှင်၏ ဆူကြုံနိမ့်မြင့်အပြင် မျက်နှာအနေအထားကိုဖော်ပြပေးထားပါတယ်။
ဤအခန်းကဏ္ဍကိုကြိမ်ဖန်များစွာ သုတေသနပြုခြင်းအားဖြင့် သင်တွေ့ရှိသည့်လူတစ်ယောက်၏ လဂ်သ
န္ဓိဘုတ္တိနက္ခတ်သခင်သည် မည်သည့်ရာသီတွင်ရှိမည်
ကို သူ၏ဇာတာကိုမကြည့်ရဘဲ အတပ်ပြောနိုင်ပေလိမ့်မည်။
(ပညာရှင်ကဏ္ဍ)
29 January 2021
Viewed 1354 time