စိတ်မကျန်းမာရေးနှင့် KP.နက္ခတ်ဗေဒင်ပညာ (၂)

Category: Article

မေးမြန်းလိုသူထံမှ ဇာတာဖွဲ့ရမည့်အချက်အလက်များကို တောင်းယူပြီး၊ ဇာတာဖွဲ့လိုက်တယ်။ (ယနေ့ခေတ်မှာတော့ Computer Software များ၊ ဖုန်းဗေဒင် Software များကြောင့် တမုဟုတ်ချင်း ဇာတာတစ်စောင်ပြီးမြောက်နိုင်တယ်။) ဇာတာဖွဲ့ပြီးတာနဲ့ ဇာတာရှင်ရောက်ချိန်က မှတ်တမ်းတင်ထားတဲ့ အချိန်အတိုင်း မွေးချိန်ရှာ လိုက်တယ်။
မွေးချိန်မှန်ရတာနဲ့ ဇာတာအသစ်တစ်စောင်ဖွဲ့လိုက်ပြီး ဇာတာမှ သန္ဓိဘုတ္တိနက္ခတ်များကို တိုက်ခိုက်ထားတဲ့ ဂြိုဟ်တွေကိုရှာဖွေရတယ်။ နောက်ပြီး ဇတ်ဆောင်ဂြိုဟ်တွေ ဘယ်လိုအလုပ်လုပ်သလဲကြည့်တယ်။ အဲဒီအထဲက တိကျတဲ့အချက်နဲ့ ရှေ့မှောက်ရောက်ရှိနေတဲ့ ဇာတာရှင်ကို ဟောလိုက်တယ်။ ဇာတာရှင် အံ့အားသင့်သွားတယ်။
ကဲ… ဒီဇာတာကို ကြည့်လိုက်ရအောင်၊ ဒီဇာတာရဲ့ ၁၂တန့် ဘာဝသန္ဓိဘုတ္တိနက္ခတ် သခင် ဂြိုဟ်က ၅တေးဖြစ်ပြီး၊ ၆တန့်၊ ၈တန့်၊ ၁၂တန့်တို့ အတွက် အတွဲလိုက် အကျိုးဆောင်ထားတာကို တွေ့လိုက်ရတယ်။
KP. နက္ခတ် ဥပဒေသက ၁၂တန့် ဘာဝသန္ဓိဘုတ္တိနက္ခတ် သခင် ဂြိုဟ်သည် ၆တန့်၊ ၈တန့်၊ ၁၂တန့်ဘာဝတို့ရဲ့ ဇာတ်ဆောင်ဂြိုဟ်ဖြစ်ရင် ဇာတာရှင်ဟာ စိတ်ကျန်းမာရေး မကောင်းသူတစ်ယောက် ဖြစ်မယ်တဲ့။
" မှန်ပြီပေါ့ဗျာ……ဒဲ့မှန်တာ။ "
ကွန်ပြူတာပရိုဂရမ်ကနေ ပြထားတဲ့အတိုင်း အားမကိုးနဲ့၊ ဂြိုဟ်မြင်တွေကိုလည်း ထည့်ပြီးသုံးသပ်ပါ။
ရင်ထဲကို စူးနစ်ဝင်သွားတဲ့ ဟောကွက်တွေ KP.နက္ခတ်ဗေဒင် ဆရာတစ်ယောက်ကို အထွဋ် အထိပ်ရောက်စေတဲ့ ဟောကွက်တွေပါဘဲ။
သင်ဟာ ဗေဒင်ပညာနဲ့ နာမည်ကျော်ချင်ပါသလား။ လွယ်ပါတယ်. KP နက္ခတ်ဗေဒင်ပညာ သင်ယူလိုက်ပါ။
ဒါတွေကို သင်တတ်မြောက်သွားပြီဆိုရင် သင်ဟာဘယ်တော့မှ KP သူပုန်မဖြစ်တော့ဘူးဆိုတာ အသေအချာပြောရဲတယ်။ ဒီအဆင့်မရောက်သေးရင် ဟိုဟာသင်ရကောင်းနိုးနိုး၊ ဒီဟာသင်ရကောင်းနိုးနိုးဖြစ်နေမပေါ့။ ဗေဒင်ယောင်ဝါးဖြစ်နေမပေါ့။ သင့်ကိုယ်သင် ဗေဒင်ယောင်ဝါး မဖြစ်စေနဲ့။
KP နက္ခတ်ဗေဒင် တကယ်တတ်သွားရင် သင်ကမ္ဘာကျော်မယ့် လမ်းကြောင်းပေါ်ရောက်ပြီလို့မှတ်။ ဝင်ငွေကောင်းတဲ့ဗေဒင်ဆရာဖြစ်ပြီလို့မှတ်။ သင်ဝင်ငွေကောင်းရမယ်လို့အာမခံနိုင်တယ်။ တစ်နှစ်ဝင်ငွေ သိန်းထောင်ချီပြီရနိုင်တဲ့ပညာဆိုလို့ KP ရှေ့ပြေးနက္ခတ်ဗေဒင်တစ်ခုထဲမြင်တယ်။
ရန်ကုန်တုန်းက ဒီဟောကွက်ကလေးဟောခဲ့တယ်။ဆရာ့ရဲ့ အတော်ဆုံးတပည့် Guru Gee ပညာရသွားတဲ့ဟောကွက်ပါ၊ ဗေဒင်မေးသူက မှန်လွန်းလို့ သူ့ရဲ့တူတော်မောင်ကို
" နင်အဲဒီအကြောင်းတွေ ဆရာကြီးကိုပြောထားတာလား " လို့မေးရတဲ့အထိ မှန်တာ။
နောက်ထပ်ပညာပေးပို့စ်တွေထပ်တင်ပေးမယ်၊ တင်
ပေးသမျှကို စာအုပ်တစ်အုပ်နဲ့ကူးထားပါ၊ အသေအချာလေ့လာပါ။ စုပါ၊ တုပါ၊ ပြုစုပါ။
(ပညာရှင်ကဏ္ဍ)

 

29 January 2021

Viewed 938 time

Engine by shopup.com