မွေးဖွားပြီးကလေးသေဆုံးခြင်းနှင့် KP.နက္ခတ်ဗေဒင်(၁)

Category: Article

လက္ခဏာပညာရပ်တွင် ဒါတွေ့ ဒါဟောဆိုတာနဲ့ ဆက်စပ်တွေးခေါ်ဟောပြောခြင်းရှိသလို၊ KP.ရှေ့ပြေးနက္ခတ်ဗေဒင်ပညာရပ်တွင်၊ KP. Rule ဥပဒေသကို အခြေခံပြီး၊ ဒီလိုမြင် ဒီလိုဟောဆိုတာရှိ ပါတယ်။ ပညာရပ်နှစ်မျိုးစလုံးမှာ ဒါမြင်ဒါဟောဆိုတာ တိတိကျကျ မှန်ကန်လေတော့၊ မေးမြန်းသူရဲ့ Heart ကိုထိစေပြီး၊ ဗေဒင်လက္ခဏာဆရာကို ချက်ချင်းအထင်ကြီးစေပါတယ်။
" အဲဒီဆရာက တအားမှန်တာဘဲ၊ အိမ်ကိုလိုက်ကြည့်ပြီး ဟောနေသလိုဘဲ၊ အကြောင်းသိတွေ တောင် အဲဒီဆရာလောက် မသိဘူး။" ဟုကြော်ငြာ မောင်းခတ်ခြင်းခံရပါတယ်။
ကျွန်ုပ်၏ တစ်သက်ဝယ် ထိုကဲ့သို့ ဖရဏပီတိဂွမ်းဆီထိသကဲ့သို့ ချီးမွမ်းသံတွေကို ဘဝဂ်ညံ နေအောင်ကြားခဲ့ရတယ်။ အခုလည်း ကြားနေရတယ်။ နောင်လည်း ကြားရအုံးမှာဘဲ။ ကျွန်ုပ်သက်ရှိထင်ရှားမရှိတဲ့နောက်ပိုင်းလည်း ချီးမွမ်းထောပနာသံတွေ ညံနေအုံးမှာပါဘဲ။
ဒါကြောင့် ကျွန်ုပ်ကဲ့သို့ ချီးမွမ်းထောပနာသံညံစေပြီး၊ စီးပွားချမ်းသာစေမည့် KP.နက္ခတ်ဗေဒင် မူလဇာတာမှ ထိရောက်သော ဟောကွက်(Effective telling) များကို စုစည်းတင်ပြပေးလိုက်ပါတယ်။
" ထောပနာသံပြု ဟောကွက်များကို ပုဒ်ရေပေါင်း (၅၀၀) ခန့်ရေးသွားမှာဖြစ်ပြီး၊ KPနက္ခတ်ဗေဒင်လိုက်စားသူများ နှင့် သင်တန်းသားများအတွက် စာအုပ်ထုတ်ဝေ ဖို့ ရည်ရွယ်ထားပါတယ်။
KP.ဇာတာတစ်စောင်ကို စစ်ဆေးလိုက်တယ်။ ၅တန့်ဘာဝသန္ဓိနက္ခတ်သခင်ဂြိုဟ်ကို ၂င်္လာ သို့မဟုတ် ၄ဟူးက တိုက်ခိုက်ခံရလျှင် ကလေးသည် မွေးဖွားပြီး သေဆုံးလိမ့်မည်။
ဤနေရာတွင် တိုက်ခိုက်ခံရခြင်းဆိုသော ဝေါဟာရ ကိုသုံးထားသည်။ ဂြိုဟ်တစ်လုံးကို အခြား ဂြိုဟ်တစ်လုံးက နောက်မှနေပြီး၊ ၄၅ ံဒီဂရီ၊ ၉ဝံ ဒီဂရီ ၊ ၁၃၅ံ ဒီဂရီ၊ ၁၅ဝံ ဒီဂရီ၊ ၁၈ဝံ ဒီဂရီတို့မြင်ထားလျှင် မကောင်းမြင်ဟု ခေါ်ဆိုပြီး၊ ဂြိုဟ်ပတ်လမ်းအတွင်း ရှေ့မှသွားနေသော ဂြိုဟ်ကို နောက်မှနေ၍ ရှိနေသောဂြိုဟ်ကတိုက်ခိုက် သည်ဟု ဆိုပြီး၊ ရှေ့ဂြိုဟ်သည် တိုက်ခိုက်ခံရသည်ဟုသိရှိနားလည်ထားရမည်၊ အနောက်တိုင်း ဂြိုဟ်မြင်သက်သက်ကိုသာ အသုံးပြု သည်။
အမျိုးသမီးတစ်ယောက်၏ ဇာတာတွင် ထိုကဲ့သို့ တိုက်ခိုက်ခံရလျှင် သူမ၏ သားဦးသည်မွေး ဖွားပြီး၊ မကြာခင် သေဆုံးလိမ့်မည်။
သင့်မျက်မှောက်ရောက်ရှိနေသော အိမ်ထောင်ရှင်အမျိုးသမီး၏ ဇာတာတွင် ၅တန့်ဘာဝသန္ဓိ ဘုတ္တိနက္ခတ်သခင်ဂြိုဟ်ကို ၂င်္လာ သို့မဟုတ် ၄ဟူးတို့က တိုက်ခိုက်ခံထားရလျှင် ဇာတာရှင် ထိုအမျိုးသမီး အား…
" သင်ရဲ့ဇာတာမှာ ၅တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်ဟာ ၂င်္လာရဲ့တိုက်ခိုက်ခြင်းခံထား ရတယ်။ သင့်ရဲ့ ပထမရင်သွေးဟာ အဖတ်မတင်ဖြစ်တတ်တယ်"လို့ ယဉ်ကျေးစွာ ဟောရမည်ဖြစ်သည်။
ဗေဒင်မေးမြန်းသူထိုအမျိုးသမီးကလည်း မှန်ကန်ကြောင်း ထောက်ခံပေလိမ့်မည်။ ထိုအပြင်သူမ၏ ဘဝတစ်စိတ်တစ်ပိုင်းအား ပြောကောင်းပြောပေလိမ့်မည်။ ထိုအခါသူမထံမှ သင်သုတေသနပြုလုပ်လိုသော အချက်
အလက်အချို့ ပါဝင်ကောင်းပါဝင်နေပါလိမ့်မည်။
နောက်ဆုံးမှာတော့ ဇာတာရှင်ထိုအမျိုးသမီးသည် သင်၏ ရာသက်ပန်ဖောက်သည်ဖြစ်သွားမည်ကို ရဲရဲကြီး ပြောပါရစေ။
၅-တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်ကိုတိုက်ခိုက်တဲ့ ၂င်္လာဂြိုဟ်ဆိုတာ အမိဂြိုဟ်ဖြစ်ပြီး ယင်းကို မတိုက်ခိုက်သင့်ဘူး၊တိုက်ခိုက်တော့ သားသမီးသေတတ်တာပေါ့၊ ဒီလိုဘဲ ၄ဟူးဟာ သားသမီးဂြိုဟ်ဖြစ်ပြီး ၅-တန့်သန္ဓိဘုတ္တိနက္ခတ်ကိုမတိုက်ခိုက်သင့်ပါဘူး။
ဒီပုစ္ဆာတစ်ပုဒ်ကို သင့်ရဲ့ခေါင်းထဲ ထည့်ထားလိုက်ပါ။ သင်ဟာ ကျွန်ုပ်ရဲ့ဟောပြောမှု နည်းစနစ် ကိုသုံးရင်း နိုင်ငံကျော်၊ ကမ္ဘာကျော်ဖြစ်ပေလိမ့်မည်။
ဤလျှို့ဝှက်ချက်များကို ကျွန်ုပ်၏ KP ရှေ့ပြေးနက္ခတ်ဗေဒင်သင်တန်းသားများအတွက် လေ့လာမှတ်သားအသိပညာတိုးအောင် တင်ပြလိုက်ခြင်းဖြစ်သည်။
ဤနမူနာဇာတာရှင်မိန်းကလေးသည် ပထမသားဦးကို မွေးဖွားပြီးသေဆုံးခဲ့သည်။ ဒုတိယရင်သွေးငယ်ကားအဖတ်တင်ခဲ့ပြီး ယခုလွယ်ထားသောကိုယ်ဝန်မှာလည်း
ပြဿနာရှိနေသည်။ သူမ၏သားသမီးရသောဇာတ်ဆောင်ဂြိုဟ်များသည် ယခုကိုယ်ဝန်ဆောင်ထားသောကာလနှင့်လည်း မကိုက်ညီချေ။
ဗေဒင်လာရောက်မေးမြန်းခြင်းသည် အကြောင်းမဲ့ မေးမြန်းခြင်းမဟုတ်ပေ။ သူဘာမေးမည်ကို စန်းခေါ် တနင်္လာဂြိုဟ်ကလည်းညွှန်ပြနေပြီဖြစ်သဖြင့် သင်ဘာကိုဟောရမည်ဆိုတာသိရမည်ဖြစ်သည်။ သို့မဟုတ် စိတ်၏ကာရကဘာဝဖြစ်သော ၅-တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်ကလည်းညွှန်ပြပေလိမ့်မည်။
" အကြင်တရားအစုတို့သည် အကြောင်းသာလျှင်အမွန်အစရှိကုန်၏။ "
" ယေဓမ္မာဟေတုပ္ပဘဝါ "

29 January 2021

Viewed 522 time

Engine by shopup.com