နက္ခတ်ဗေဒင်အလွယ်ဟောနည်းလမ်းညွှန်" အပိုင်း(၅)

Category: Article

နက္ခတ်ဗေဒင် အလွယ်ဟောနည်းသည် အထူးသဖြင့် ဂြိုဟ်နှင့်ဂြိုဟ်အချင်းချင်း လောင်ဂျီကျုဒ် တိုင်း ဟောသော အနောက်တိုင်းအမြင်ဖြင့်တင်ပြထားခြင်းဖြစ်သည်။ ဤနည်းလမ်းသည် အလွန်မှန်သော နည်းလမ်းဖြစ်ပြီး ဟောပြောသူဆရာရော ဗေဒင်မေးသူပါ ဘဝင်ကျစေပြီး"မှန်လိုက်တာ" ဟု နုတ်ထဲမှ အာမေဋိတ် ထွက်လောက်သည်အထိ အစွမ်းထက်ပေသည်။
ဤနည်းနာ နိဿယများကို အသုံးပြုခြင်းအားဖြင့် အသုံးပြုသူဗေဒင်ဆရာသည် အချိန်တိုတို အတွင်း နာမည်ကြီးစေသည်။ အောင်မြင်လာမည်ဖြစ်သည် ဆိုတာကို ရဲရဲကြီးအာမခံဝံ့သည်။
ဤနည်းလမ်းကို ဖတ်ခွင့်ရသော စာရှုသူသည်လည်းကောင်း၊ နက္ခတ်ဗေဒင်လည်းကောင်း တစ် စုံတစ်ခုကိုရရှိသွားသည်ဆိုလျှင်၊ ကျွန်ုပ်အလွန်ကြေနပ်အားရမိမှာ အမှန်ပင်ဖြစ်သည်။ မည်သို့ဆိုစေကာမူ "ဘိုကေတစ်ထောင်တွင် တစ်ယောက်လောက်တော့ ဆွဲကောင်းပါရဲ့ဆိုတဲ့ " ကျွဲမသီချင်း " လို တစ်စုံတစ်သောသူ က ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ပြီဆိုလျှင် ဝမ်းသာပီတိဖြစ်ရပေမည်။
တနင်္လာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်တို့သည် ရပ်တည်မှုအနေအထား ကောင်းမွန်ပေလေသောအခါ (အနောက်တိုင်းအမြင်ကောင်းသော အခါ) ဇာတာရှင်သည် အလွန်အကျွံပွင့်လန်းခြင်း၊ လွတ်လပ်ခြင်း၊ သဘောထားလွန်ကဲတတ်သည်။ ဇာတာရှင်သည် ရဲရင့်၍ မကြာခဏ ခရီးများသွားရတတ်သည်။ အဆိုပါ ခရီးများသွားခြင်းအားဖြင့် ငွေကြေးအမြတ်အစွန်းရရှိမည်။
တနင်းလာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်တို့သည် မကောင်းသော အမြင်များဖြင့် ဖွဲ့စည်းနေသော် ဇာတာ ရှင်သည် စိတ်လိုက်မာန်ပါလုပ်တတ်ခြင်း၊ တဇွတ်ထိုးလုပ်တတ်ခြင်း၊ မဆင်မခြင်လုပ်တတ်ခြင်းများ ရှိမည်။ ထို့ပြင် ဆန့်ကျင်ဘက်လိင်အပေါ် ဆွဲငင်အားကောင်းသော ကြောင့်၊ မကျန်းမမာဖြစ်မည်။ နာမည်ပျက်မည်။
ဤဂြိုဟ်နှစ်လုံးက အမျိုးသမီးများ၏ လစဉ်ဓမ္မတာကို အုပ်စိုးသည်။ ကောင်းသောအမြင်များ က သွေးသားစင်ကြယ်သည့် အကျိုးကို ဖြစ်ထွန်းစေသည်။ သို့ရာတွင် မကောင်းသောအမြင်များက လစဉ် ဓမ္မတာလာမှုနှင့် ဆက်စပ်သော များစွာနာကျင်ကိုက်ခဲမှုများနှင့် အခြားသော အမျိုးသမီးရောဂါများနှင့် ပတ် သက်သော ဒုက္ခများကို ကြုံတွေ့ရတတ်သည်။
ဓမ္မတာမမှန်သည့် များစွာသော အမျိုးသမီးများ၊ မိန်းကလေးများ၏ ဇာတာတွင် တနင်းလာနှင့် အင်္ဂါတို့သည် အဆိုးမြင်နေသည်ကို တွေ့ရမည်ဖြစ်သည်။
မိန်းမပျိုလေးများ၏ ဇာတာတွင် တနင်းလာနှင့် အင်္ဂါတို့ မြင်ခြင်းကောင်းသောအခါ လှပပြီး ချစ် စဖွယ် ရုပ်အသွင်ကို ဆောင်ပေးလိမ့်မည်။ ပုရိသယောင်္ကျားများကို ဆွဲဆောင်မှုအပြည့်ရှိနေမည်။ ပျားပိတုန်းတို့သည် ဝဲပျံနေပေလိမ့်မည်။
သူနာပြုများ၊ ထမင်းချက်များ၊ ဆိုင်ငယ်မန်နေဂျာများ၊ ခဝါသည်များကို တနင်္လာဂြိုဟ်က အုပ်စိုး ပိုင်ထားသည်။
တနင်္လာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်တို့သည် ကောင်းသောအမြင်များရှိ၍ ဗြိစ္ဆာရာသီ၌ တည်လျှင် ဇာတာရှင်သည် ဘွိုင်လာများနှင့် ဆက်သွယ်လုပ်ကိုင်ရမည်။ တနင်္လာသည် ရေကိုဆိုလိုပြီး အင်္ဂါက အပူ ပေးခြင်းဖြစ်သည်။
တနင်္လာဂြိုဟ်ကို သောကြာဂြိုဟ်ကမြင်ထားလျှင် ဇာတာရှင်သည် နို့နှင့်နို့ထွက် ပစ္စည်းများကို ရောင်းဝယ်သူတစ်ဦးဖြစ်ပြီး၊ ပြိဿရာသီနှင့် ဆက်သွယ်နေပါက ကိုယ်တိုင်နွားမွေးမြူပေလိမ့်မည်။ တနင်္လာ ဂြိုဟ်ကို စနေဂြိုဟ်မြင်ထားလျှင် ဇာတာရှင်သည် ပုလဲ၊ ခရုသင်း အခွံကဲ့သို့ ရေအောက်ကြမ်းပြင်မှ ရသော ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားသူဖြစ်လိမ့်မည်။
တနင်္လာဂြိုဟ်သည် ဖရဲသီး၊ ဘိန်းပင်၊ သခွားသီး၊ အုန်းပင်၊ ထန်းပင်၊ မှိုအမျိုးမျိုး၊ ဖရုံသီး၊ ပြဒါး ကြံပင်၊ ဂေါ်ဖီထုတ်၊ ပန်းမုန်လာ၊ ဆလပ်ရွက်စသော အရည်ရွှမ်းသော သစ်သီး၊ သစ်ရွက်၊ သစ်ဥများကို စိုးမိုးသည်။
(ပညာရှင်ကဏ္ဍ)

29 January 2021

Viewed 1118 time

Engine by shopup.com