လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့်သမ္မတ မဖြစ်တာလဲ? ( KP ပညာပေးကဏ္ဍ )

Category: Article

ရွေးကောက်ပွဲမတိုင်မီ ၂၀၁၅ ခု နိုဝင်ဘာ ( ၅ )
ရက်နေ့က "လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ဇာတာမှအနာဂတ်ဟောကိန်းများ"
စာအုပ်ကို A4 Size ဖြင့်စာမျက်နှာ ( ၅၀ )ခန့်
ရေးသားခဲ့ပါသည်။

ထိုစာအုပ်တွင်အဓိကဟော
ကိန်း( ၆ ) ချက်ကိုတိတိကျကျဟောကိန်းထုတ်ခဲ့
သည်။ထိုဟောချက်များကိုကြိုက်တဲ့သူလည်းရှိခဲ့
သလိုမကြိုက်တဲ့သူများလည်းရှိခဲ့သည်။ဗေဒင်
ဆရာဆိုတာကြိုက်မကြိုက်ဟောရန်မဟုတ် မှန်
အောင်ဟောရန်သာဖြစ်သည်။

ထိုအချက် ( ၆ ) ချက်မှာ-

( ၁ ) ၂၀၁၅ နိုဝင်ဘာ ( ၈ ) ရက် ရွေးကောက်ပွဲကို
NLD အနိုင်ရမည်။

( ဤဟောချက်ကိုကျွန်တော့်သူငယ်ချင်းရှေး
ရိုးစွဲဝါဒီများကမကြိုက်ကြပါ။ )

( ၂ )ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်။

( NLD ကိုထောက်ခံအားပေးနေသည့်မိတ်
ဆွေများကမကြိုက်ကြပါ။မှားခဲ့ရင်စုတ်ပြတ်
နေအောင်အပြောခံရမည့်ကိန်းရှိနေသည်။ )

( ၃ ) NLD ပါတီတွင်းမှသမ္မတ ရရှိရန်အခက်အခဲရှိ
ခြင်း။

( ၄ ) လူထုခေါင်းဆောင်ကလွှတ်တော်ကိုမိမိလိုသ
လိုအသုံးချမည်ဖြစ်ခြင်း။

( ၅ ) အမှတ်စဉ်-၄- ကြောင့် ၇-၄-၂၀၁၈ မှ
၁၅-၁၂-၂၀၂၀ အတွင်းနှင့် ၂၀၂၀ ပြည့်လွန်
နှစ်များ၌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်သည်နိုင်ငံရေးသိက္ခာကျခြင်း သြဇာ
မှိန်ခြင်းတို့ဖြစ်ပေါ်ကာ နိုင်ငံရေးဇာတ်ခုံပေါ်မှ
လွင့်စင်သွားမည်ဖြစ်ကြောင်း။

( ၆ ) NLD ပါတီသည်လည်းဂုဏ်သိက္ခာကျဆင်း
ကာ ၂၀၃၀ လောက်မှသာပြန်လည်ဦးမော့
လာမည်ဖြစ်ကြောင်း။

ဆိုတာတွေကိုကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။
ထိုဟောကိန်း Post ကို Fb မှ အလျဉ်းသင့်သလို
Fb ပရိတ်သတ်များပြန်လည်ဖတ်ရှုနိုင်ရန်မကြာ
ခဏတင်ပေးခဲ့ပါတယ်။

ထိုအထဲတွင် အမှတ်စဉ်( ၂ ) ဖြစ်သော ဒေါ်အောင်ဆန်း
စုကြည် သမ္မတမဖြစ်ဟူသော ဟောကိန်းထုတ်ခဲ့ပုံကိုနက္ခတ်
ဗေဒင်လိုက်စားသူများလေ့လာနိုင်ရန် တင်ပြလိုပါသည်။

နိုင်ငံရေးသမားတစ်ယောက်တွင်-

(က) ၆ကြာဂြိုဟ်သည် အနေအထိုင်ကောင်းရမည်။
ထိုအခါသူ/သူမ၏ ၆ကြာဂြိုဟ်ကလူအပေါင်းတို့အား
လောကီစည်းစိမ်အဖြာဖြာကိုခံစား စံစားစေပေလိမ့်
မည်။

(ခ) ၅တေးဂြိုဟ်ကောင်းလျှင် ကောင်းသောအကျင့်
သီလနှင့်ပြည့်စုံစေပြီး လောကုတ္တရာအကျိုးစီးပွား
တို့ကို ဖြစ်ထွန်းစေပေမည်။

(ဂ) ပြည်သူလူထုကိုယ်စားလှယ်ဖြစ်နိုင်ရန်ကတော့
ဆက်သွယ်ရေးနှင့် လူထုခေါင်းဆောင်ဖြစ်စေသော
၄ဟူးသည် ဇာတာတွင် ကောင်းစွာတည်နေရပေလိ
မ့်မည်။

(ဃ) ပြည်သူ့ကိုယ်စားလှယ်ဖြစ်သောအခါ တာဝန်များ
အပ်နှံခံရမည်ဖြစ်သဖြင့်ယုံမှတ်လွဲအပ်ခြင်းဂြိုဟ်စနေ
သည် အားရှိပြီးအရပ်အတည် ကောင်းရပေဦးမည်။

(င) တစ်ဖန်ယင်းကဲ့သို့ တာဝန်အပ်နှံလိုက်သည်နှင့်
တစ်ပြိုက်နက် အာဏာကိုပိုင်ဆိုင်တော့မည်ဖြစ်ရာ
၃င်္ဂါသည်အားရှိပြီး အနေအထိုင်ကောင်းရမည်ဖြစ်၏။

ဤတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်/မဖြစ်နိုင်ကို အပိုဒ်(ဃ) ဖြစ်သောစနေဂြိုဟ်ဖြင့် စစ်ဆေးဆုံးဖြတ်ရမည်ဖြစ်သည်။

စနေသည် နိုင်ငံတော်သမ္မတအခွင့်အာဏာရဖို့ ယုံမှတ်
လွဲအပ်ခြင်းဆိုင်ရာဂြိုဟ်ပင်ဖြစ်တော့သည်။

ဓနုလဂ်ဇာတာရှင် ဒေါ်အောင်ဆန်းစုကြည်၏ စနေသည်
လူထုလူတန်းစားအသီးသီးအတွက်အကျိုးဆောင်သော(၇)
တန့်(၁၀)တန့် (၂) တန့်နှင့် (၃)တန့်တို့ အကျိုးဆောင်ဂြိုဟ်
ဖြစ်လင့်ကစား (၅)တန့် (၈)တန့် (၁၂) တန့် အကျိုးဆောင်
ဂြိုဟ် ၂င်္လာဘုတ္တိနက္ခတ်၌တည်ခြင်းက ယုံကြည်လွဲအပ်ခြင်း
ဆိုင်ရာစနေဂြိုဟ်ကို ပျက်စီးစေတော့သည်။

(၅)တန့် = ပြိုင်ဘက်များ၏အောင်မြင်ပျော်ရွင်ခြင်း နှင့်
မိမိ၏လောဘ သက္ကာယ၊ပြိုင်ဆိုင်မှုရှုံးနိမ့်ခြင်း

(၈)တန့် = ရှုံးနိမ့်ခြင်း၊အနှိမ်ခံရခြင်း၊နာမည်ပျက်ခြင်း၊
သိက္ခာကျခြင်း၊သွားပုပ်လေလွင့်ပြောခံရခြင်း
ဝမ်းနည်းခြင်း။

(၁၂)တန့်= ဆုံးရှုံးခြင်း၊ချို့တဲ့ပျက်စီးခြင်း၊ကုန်ဆုံးခြင်းတို့
ဖြစ်ပေါ်စေသည်။

ထို့ကြောင့် အခွင့်အာဏာယုံမှတ်လွဲအပ်ခြင်းဆိုင်ရာ စနေဂြိုဟ်သည် နက္ခတ်ကောင်းဖြစ်သော ရာဟုပိုင်နက္ခတ်ကိုစီးလင့်ကစား ပျက်စီးဆုံးရှုံးစေမည့် ၂င်္လာပိုင်ဘုတ္တိနက္ခတ်၌
တည်နေခြင်းက စနေဂြိုဟ်သည် ဒေါ်အောင်ဆန်းစုကြည်ကို
နိမ့်ရာသို့ ဆွဲချသော ဂြိုဟ်ဆိုးကြီးဖြစ်ပြီး သမ္မတရာထူးကိုရုပ်
သိမ်းလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
အဖို့ မွေးဖွားစဉ်ကပင် ကံကြမ္မာက သူမအားသမ္မတ မဖြစ်စေ
ရန် ကန့်သတ်ထားခဲ့ကြောင်းတင်ပြလိုက်ပါည်။

မှတ်ချက်။ ။အပိုဒ်(က) အရ ဒေါ်အောင်ဆန်းစုကြည်၏
ဇာတာရှိ ၆ကြာဂြိုဟ်က မြန်မာပြည်သူပြည်
သားအပေါင်းတို့အား လောကီစည်းစိမ်အဖြာဖြာကို
ခံစား စံစား စေခြင်းရှိ/မရှိနှင့် သူမ၏၅တေးဂြိုဟ်က
သူမ၏ကိုယ်ကျင့်သီလနှင့် လောကုတ္တရာအကျိုးစီး
ပွားကို သယ်ပိုးနိုင်ခြင်းရှိ/မရှိ ကိုအလျဉ်းသင့်လျှင်
Fb ၌ဆက်လက်ဟောကိန်းထုတ်ပေးပါမည်။

17 February 2021

Viewed 499 time

Engine by shopup.com