မြန်မာ့နိုင်ငံရေးအခင်းအကျင်း

Category: Article

၂၀၂၀-ခုနှစ်ဟာ ယူရေးနပ်စ် (Uranus) ဂြိုဟ်စိုးမိုးသော
နှစ်တစ်နှစ်ဖြစ်တယ်၊ ၄-ဂဏန်းဟာ ယူရေးနပ်စ်ဂြိုဟ်ရဲ့ အထိမ်းအမှတ်ဖြစ်တယ်လို့ အနောက်တိုင်းနက္ခတ်ဗေဒင်က
ဆိုပါတယ်။ ၂၀၂၀ ကို တစ်လုံးတည်းသောဂဏန်းဖြစ်အောင်ပေါင်းသော် ၄-ဂဏန်းကိုသာရ၏။

မြန်မာနိုင်ငံဟာ ၄-ဂဏန်း နဲ့ ၈-ဂဏန်းတို့ရဲ့လွှမ်းမိုးခြင်းကိုခံရတဲ့နိုင်ငံပါ။ ၁၈၂၆-ခုနှစ်မှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲဖြစ်ပြီး ရခိုင်နဲ့ တနင်္သာရီကို ဆုံးရှုူံးခဲ့ရတယ်။ ၁၈၂၆ ကိုတစ်လုံးတည်းသော ခု-ဂဏန်းရအောင်ပေါင်းလိုက်ရင် ၈-ဂဏန်းကိုရပါတယ်။

နောက် ၂၆-နှစ်အကြာ ၁၈၅၃-ခုနှစ်မှာ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲဖြစ်ပြီး အောက်မြန်မာနိုင်ငံကိုဆုံးရှုးံခဲ့တယ်။ ၁၈၅၃-ခုနှစ်ဟာလည်း ၈-ဂဏန်းပါဘဲ။

ပေါင်းခြင်း ၄-ဂဏန်းဖြစ်တဲ့ ၁၈၈၅-ခုနှစ်မှာ အရှင်နှစ်ပါး ပါတော်မူပြီး မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်ခဲ့ရတော့တယ်။

လွတ်လပ်ရေးနေ့က ၁၉၄၈-ခု ဇန္နဝါရီလ (၄) ရက်နေ့ဖြစ်တယ်။ ၁၉၄၈ ရဲ့ပေါင်းခြင်းက ၄-ဂဏန်းဖြစ်သလို ဇန္နဝါရီလကလည်း ၈-ဂဏန်းအုပ်စိုးသောလဖြစ်ပြန်တယ်။

တပ်မတော်က ၂၆-နှစ်အုပ်ချုပ်ပြီး ၈-ဂဏန်းနှစ်ဖြစ်သော
၁၉၈၈- မှာ အရေးအခင်းကြီးဖြစ်ခဲ့တယ်။

၂၀၁၁-ခု ထဲမှာ ဒီမိုကရေစီရဲ့ပထမခြေလှမ်းဖြစ်တဲ့ သမ္မတသစ် ကျမ်းသစ္စာကြိမ်ဆိုနိုင်ခဲ့တယ်။ အဲဒီနှစ်ကလည်း ၄-ဂ ဏနးနှစ်ပါဘဲ။

၈-ဂဏန်းဖြစ်သော ၂၀၁၅-ခု နိုဝင်ဘာ ၈-ရက်နေ့ရွေးကောက်ပွဲမှာ NLD ပါတီက သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တယ်။ ဒါကြောင့် အနီရောင်စိုးမိုးသော ၂၀၁၆ မှာ NLD အနီရောင်တွေ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရခဲ့ကြတယ်၊ ၂၀၁၆-ခုနှစ်ဟာ ပေါင်းခြင်း ၉-ရပြီး အနီရောင်ကို ၉-ဂဏန်းကလွှမ်းမိုးတယ်။

၈-ဂဏန်းဟာ စနေဂြိုဟ်စိုးမိုးတဲ့ဂဏန်းဖြစ်ပြီး ထဲကြွခြင်း၊ တော်လှန်ခြင်း၊ မင်းမဲ့စရိုက်ဆန်ခြင်း၊ ထုံးစံကိုကျော်လွန်ခြင်း (ဘောင်ကျော်ခြင်း) နှင့်ပါတ်သက်သောဂဏန်းဖြစ်သည်။

၄-ဂဏန်းကလည်း ၈-ဂဏန်းကဲ့သို့စိုးရွားသောဂဏန်းဖြစ်သည်။ ယင်းသည် အတိုက်အခံပြုသောဂဏန်း၊ ဆန့်ကျင်
တတ်သောဂဏန်းဖြစ်သည်။ ဥပဒေ၊စည်းကမ်းတွေကို ဆန့်ကျင်တတ်သော ဂဏန်းဖြစ်ပြီး အခွင့်အရေးသာရမယ်ဆိုလျှင် အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေကို ကပြောင်းကပြန်ပြောင်းလဲနိုင်သောစွမ်းအားရှိသည်။ လူထုကိုစည်းမျဉ်းသည်းကမ်းအသစ်တွေချမှတ်ပေးပြီး လိုက်နာစေချင်သော ဂဏန်းပင်ဖြစ်သည်။

ထို့ပြင် ၄-ဂဏန်းသည် အရောင်ပျက်၊ ကာလာပျက်သောဂဏန်းဖြစ်သည်။ အရောင်စုံမည့်သဘောဖြစ်သည်။ ၄-ဂဏန်းတစ်ခုဖြစ်သော ၁၉၄၈-ခု သည် ရောင်စုံသူပုန်ထသောနှစ်ဖြစ်သည်။

ထို့ကြောင့် သက္ကရာဇ် ၂၀၂၀ ခုနှစ်သည် ပါတီတို့သည်
အရောင်စုံလာသည်။ ၄-ဂဏန်း၏သဘောက အရောင်ပျက်ရပေမည်။ ဆိုလိုချက်က ၂၀၂၀-ခု အထွေထွေရွေး
ကောက်ပွဲသည် ပါတီကြီးတစ်ခုသီးသန့်ရဖို့ခက်နေပေမည်။

ဒါကြောင့် ပါတီကြီးများသည် ပါတီငယ်လေးများနှင့် ပူးပေါင်းသင့်သည်။ ဒီသဘောက အရောက်ပျက်ခြင်းကို ဆိုလိုသည်။

၂၀၂၁-ခု သည် ၅-ဂဏန်းဖြစ်ပြီး ဗုဒ္ဓဟူးဂြိုဟ်စိုးမိုးသောနှစ်ဖြစ်သည်။ ၂၀၂၁-ခုတွင်သမ္မတ တင်မြှောက်ရမည့်နှစ်ဖြစ်သည်။ ထိုနှစ်သည် နက္ခတ်ဗေဒင်အရ အဖြူရောင်စိုးမိုးပြီး၊ မြန်မာ့ရိုးရာလက်ဆန်းဗေဒင်အရ အစိမ်းရောင်စိုးမိုးသည်။

၂၀၂၀-ခု ၏ ၄-ဂဏန်း နှင့် ၈-ရက်နေ့၏ ၈-ဂဏန်းသည် တော်လှန်ပုန်ကန်သူတို့၏ ဂဏန်းဖြစ်၍ တော်လှန်ပုန်ကန်သူတို့ အသာစီးရမည့် ရွေးကောက်ပွဲဖြစ်ပေတော့သည်။

တိုင်ရင်းသားပါတီတို့၏ ကံကောင်းသောနှစ်လည်းဖြစ်ပေမည်။

(ပညာရှင်ကဏ္ဍ)

17 February 2021

Viewed 1329 time

Engine by shopup.com