နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အစိုးရ

Category: Article

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦး
ဆောင်သောNLDအစိုးရ၏ရက်၁၀၀ )စီမံကိန်းအောင်မြင်နိုင်မှုမှုရှိမရှိဆိုတာကိုလူအတော်များများသိချင်ကြသည်။ကိုယ်တိုင်ကလည်းသိချင်သည်။
နိုင်ငံခေါင်းဆောင်တို့၏ကံကြမ္မာသည်တိုင်းသူပြည်သားတို့၏ကံကြမ္မာနှင့်တစ်ထပ်တည်းကျလေ့ရှိနိုင်ငံခေါင်းဆောင်ကံကောင်းလျှင်တိုင်းပြည်စည်ပင်ဝပြောမည်နိုင်ငံခေါင်းဆောင်ကံကြမ္မာညံ့ချိန်တွင်တိုင်းပြည်၏ကံကြမ္မာနိမ့်ပါးမည်ဖြစ်၍နိုင်ငံခေါင်းဆောင်တို့၏ကံကြမ္မာသည်ပြည်သူပြည်သားတို့၏ကံကြမ္မာနှင့်တုက်ရိုက်အချိုးကျသည်ကိုတွေ့ရသည်။
နိုင်ငံတော်သမ္မတကြီးဦးထင်ကျော်၏ဇာတာကိုစစ်ဆေးရာဝယ် ၂၅-၄-၂၀၁၆ မှ ၂၅-၄-၂၀၂၃ အထိကံ(၇ )နှစ်တိတိကံကြမ္မာနိမ့်ပါးနေသည်ကိုတွေ့ရသည်.ဤသို့နိမ့်ပါးသောဇာတာဖြင့်နိုင်ငံတော်ကိုဦးမဆောင်သင့်ချေဇာတာကောင်းကိုပိုင်ဆိုင်သူတစ်ဦးသာလျှင်သမ္မတဖြစ်သင့်လေသည်။ထို့ကြောင့်ကမ္ဘာ့စံပြပုဂ္ဂိုလ်လည်းဖြစ်သောလူထု
ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ဇာတာဖြင့် ရက်(၁၀၀ )စီမံကိန်းအောင်မြင်နိုင်မှုရှိမရှိကိုစစ်ဆေးကာအဖြေထုတ်ကာတင်ပြသွားမည်ဖြစ်၏။
ယခုတွင်သူမ၏ဇာတာတွင်၁၉-၄-၂၀၁၆မှ၂၈-၄-၂၀၁၆ထိ၄ဟူးထူလ၅တေးအန္တရ.စနေပြတန္တရဒသာစားဝင်နေသည်။ထူလဒသာသခင်ဂြိုဟ် ၄ဟူး သည်သူမကိုထင်ပေါ်မှုကျော်ကြားမှုပေးပြီး ၆-တန့် ၇-တန့် ၁၀-တန့်ဇာတ်ဆောင်ဂြိုဟ်ဖြစ်ကာ စနေထူလ.၄ဟူးအန္တရဒသာဖြစ်သော၁၉၈၈
အရေးအခင်းကာလမှစတင်၍လူထုခေါင်းဆောင်ဘဝသို့မြှင့်တင်ပေးသောဂြိုဟ်လည်းဖြစ်ကာ ထူလဒသာသခင်ဂြိုဟ်၄ဟူးသည်အလွန်ကောင်းမွန်သည့်အကျိုးပြုဇာတ်ဆောင်ဂြိုဟ်ဖြစ်၏။
အန္တရဒသာသခင်ဂြိုဟ်၅တေးသည်ဂြိုဟ်ပရိယာယ်သဘောအရတရားမျှတမှု.တရားရေး.လွှတ်တော်.စသည်တို့နှင့်ပတ်သက်ပြီးဇာတာရှင်အတွက်ဂြိုဟ်ကောင်းတစ်လုံးဖြစ်ကာ၁-၄-၆-၁၁တန့်တို့၏ဇာတ်ဆောင်ဂြိုဟ်ဖြစ်ပြီးအယှဉ်အပြိုင်မှန်သမျှကိုတမဟုတ်ခြင်းအနိုင်ယူနိုင်သော၉ကိတ်ဘုတ္တိ၌တည်၍အလွန်ကောင်းလှ၏။
ပြတန္တရဒသာသခင်ဂြိုဟ်စနေသည်နိုင်ငံတော်
သမ္မတမဖြစ်စေရန်ကန့်ကွက်ထားသောဂြိုဟ်ဆိုးဖြစ်သည်။စနေသည်၂-၃-၇-တန့်တို့အတွက်အကျိုး
ဆောင်ထားသော်လည်း စနေဂြိုဟ်စီးနင်းထား
သော၂င်္လာဘုတ္တိနက္ခတ်သခင်ဂြိုဟ်ကဇာတာရှင်
သူမကိုအောက်သို့ရောက်အောင်ဆွဲချထားသည်။
ထို့ကြောင့်၁၉-၄-၂၀၁၆ မှ ၂၈-၄-၂၀၁၆အတွင်း
ဇာတာရှင်အတွက်ကံနိမ့်မှုကိုကြုံတွေ့ရပေမည်။
" ရက်( ၁၀၀ )စီမံကိန်းသည်လည်းအောင်မြင်မှုရ
ရှိလိမ့်မည်မဟုတ်ပေ။ "
၂၈-၈-၂၀၁၆ မှ ၂၃-၁၂-၂၀၁၆ အတွင်းမှာတေါ့
ကံကောင်းမှုကြုံပြီးထပ်မံထင်ပေါ်ကျော်ကြားကာ
မင်းအပေါင်းတို့ဝန်းရံသည့်မင်းဖြစ်လာမည်။
၂၃-၁၂-၂၀၁၆ မှ ၁၀-၂-၂၀၁၇ အတွင်း ၄ဟူး
ထူလ.၅တေးအန္တရ.၉ကိတ်ပြတန္တရဒသာစားဝင်
မည်ဖြစ်သည်။ ပြတန္တရဒသာသခင်ဂြိုဟ်၉ကိတ်
သည် ၆-၁၁-တန့်ဇာတ်ဆောက်ဂြိုဟ်ဖြစ်လင့်က
စား ၅-၈-၁၂- တန့်အကျိုးကိုပေးဆောင်သော
၂င်္လာဘုတ္တိ၌တည်သောကြောင့်ဇာတာရှင်၏
အောင်မြင်မှုအဝဝကို သုညအမှတ်ထိရောက်
အောင် ဆွဲချသောဂြိုဟ်ဆိုးကြီးပင်ဖြစ်တော့သည်။
၁၀-၂-၂၀၁၆ မှ ၇-၄-၂၀၁၈ ထိတိုင်အောင်
ဇာတာရှင်သည် ကမ္ဘာ့နိုင်ငံအသီးပေါ်သြဇာအ
လွန်ညောင်းသည်အထိထင်ပေါ်ကျော်ကြားလာ
မည်။အရာရာတိုင်းတွင်သူ့ခြေသူ့လက်ဖြစ်လာပေ
မည်။
KP နက္ခတ်ဗေဒင်၏သီအိုရီတစ်ရပ်မှာဂြိုဟ်တစ်
လုံးသည် ထိုဂြိုဟ်နှင့်ထိုဂြိုဟ်စီးနင်းထားသော
ဘုတ္တိဒသာသခင်ဂြိုဟ်တို့၏ထူလအန္တရကြုံလျှင်
အကျိုးပေးအလွန်သန်သည်ဟုဆိုသည်။ယခုသူမ
၏ဇာတာတွင် ထူလဒသာသခင်ဂြိုဟ်၄ဟူးသည်
၅တေးဘုတ္တိ၌တည်ပြီး ၄ဟူးထူလ ၅တေးအန္တရ
ဒသာကာလသည်သူမအတွက်ဘုန်းကံကြီးမား
သောအချိန်ဖြစ်ပြီး-
ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံနှင့်မြန်မာ့နိုင်ငံရေးလော
ကတို့၌ပြိုင်စံရှားလောက်အောင်ထင်ပေါ်ကျော်
ကြားလာမည်ကိုဟောကိန်းထုတ်လိုက်ပါသည်။
ရက် ( ၁၀၀ )စီမံကိန်းကားအောင်မြင်နိုင်မည်
မဟုတ်ပါကြောင်း.....။

18 February 2021

Viewed 1383 time

Engine by shopup.com